နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ၇၆
၇၆။ ဤဥပဒေပါပြဠန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် –
- ( က ) ရာထူးဝန်အဖွဲ့ သည် လိုအပ်သောနည်းဥပဒေနှင့် စည်းမျဥ်း၊စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူချက်ဖြင့် ထုတ်ပြန်နိုင်သည်။
- ( ခ ) ရာထူးဝန်အဖွဲ့ ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
( ပုံ ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်