ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အပိုဒ်၁၃

ရှေးဦးစုံစမ်းမှု

၁၃။ ရှေးဦးစုံစမ်းမှုဆိုသည်မှာ စွပ်စွဲတိုင်ကြားချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခု နှင့်စပ်လျဉ်း၍ဖြစ်စေ ဝန်ထမ်းကို အရေးယူရန်လုံလောက်သော အချက် အလက်၊ အထောက်အထားများ ရှိ မရှိ ရှေးဦးစွာစုံစမ်းခြင်းကိုဆိုသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃ (ယ)

အခန်း(၈)
အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း

၁၃။ နိုင်ငံ့ဝန်ထမ်းများသည်-

  • (က) ဝန်ထမ်းရေးရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးအဆင့်အတန်း၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံခြင်းမပြုရ။
  • ( ခ ) ဌာန၊ ဒေသ၊ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများနှင့်အညီ လိုက်လျောညီထွေ အပြန်အလှန် လေးစားစွာ ဆက်ဆံဆောင်ရွက်ရမည်။
  • ( ဂ ) လုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသော ပြည်တွင်း၊ ပြည်ပအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါက ချမှတ်ထားသော မူဝါဒများနှင့်အညီ ဆောင်ရွက်ရမည်။
  • (ဃ) မိမိအားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အချင်းချင်း ရိုင်းပင်းကူညီ၍ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရမည်။

မှတ်တမ်းတင်ရမည့်အချက်များ

၁၃။ အကဲဖြတ်ခံဝန်ထမ်း၏ တိုးတက်မှုအခြေအနေ သို့မဟုတ် စွမ်းဆောင်ရည်ပြည့်မီခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် အကဲဖြတ်သူအရာရှိ၏ မှတ်ချက်ကို လုပ်ငန်းစွမ်းဆောင်မှု အစီအစဉ်ပုံစံတွင် ဖော်ပြထားပါသည်။ အကဲဖြတ်သူအရာရှိသည် စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်မှုတွင် အကဲဖြတ်ခံ ဝန်ထမ်းဘက်မှ ရှင်းလင်းဆွေးနွေးရန် ရှိသည်များကို နားထောင်ရခြင်း မရှိသေးမီ ၎င်းတို့၏ မှတ်ချက် များကို ကြိုတင်ရေးသားခြင်း သို့မဟုတ် စွမ်းဆောင်ရည်အဆင့်ကို အပြီးသတ် သတ်မှတ်ခြင်းများ မပြုလုပ်သင့်ပါ။

my_MMMY