ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နည်းဥပဒေ၄၇

အခန်း(၆)
အဖွဲ့၏သဘောထားမှတ်ချက်ပေးခြင်း၊ တင်ပြခြင်းနှင့် ပြန်ကြားခြင်း

၄၇။  အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဝန်ထမ်းရွေးချယ်ခန့်ထားရေး၊ လေ့ကျင့်ရေး၊ ရာထူးတိုးမြှင့်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းများက သဘောထားတောင်းခံလာလျှင် သဘောထားမှတ်ချက် ပေးရမည်။

၄၇။ နည်းဥပဒေ ၄၆ ပါ ရာထူးများအတွက် အကဲဖြတ်မှတ်တမ်းရေးရာတွင် အောက်ပါ အရည်အချင်းများအလိုက် သတ်မှတ်ထားသောအမှတ်များပေးရမည်-

  • (က) ခေါင်းဆောင်မှုပေးနိုင်ခြင်း      ၂၀ မှတ်
  • ( ခ ) ယုံကြည်စိတ်ချရခြင်း       ၂၀ မှတ်
  • ( ဂ ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း      ၂၀ မှတ်
  • (ဃ) တာဝန်ကို လိုလားစွာထမ်းဆောင်ခြင်း    ၂၀ မှတ်
  • ( င ) ဆက်ဆံရေးပြေပြစ်ခြင်း     ၂၀ မှတ်
  • ( စ ) အကဲဖြတ်အမှတ်ပေးရာတွင် –
    • (၁) သာမန်အောက်၊ သာမန်၊ သာမန်အထက်၊ ထူးချွန်အဆင့်လေးဆင့်ခွဲခြားဖော်ပြရမည်။
    • (၂) သာမန်အောက်အဆင့်အတွက် ၇ မှတ်အထိ၊ သာမန်အဆင့်အတွက်၈ မှတ်မှ ၁၀ မှတ်အထိ၊ သာမန်အထက်အဆင့်အတွက် ၁၁ မှတ်မှ၁၅ မှတ်အထိ၊ ထူးချွန်အဆင့်အတွက် ၁၆ မှတ်မှ ၂၀ မှတ်ထိ ပေးရမည်။
    • (၃) သာမန်အောက်နှင့် ထူးချွန်အဆင့်များအတွက် ပုံစံ (၁၉)ပါ အကဲဖြတ်မှတ်တမ်းတွင် အကျိုးအကြောင်းကို အကျဉ်းချုပ်ဖော်ပြရမည်။ *၉-၆-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
    • (၄) ရာထူးတိုးမြှင့်ပေးမည့်ဝန်ထမ်းအတွက် ကိုယ်ရေးမှတ်တမ်းဖြည့်စွက်ရန် ပုံစံကို ပုံစံ (၂) ဖြင့် ဖော်ပြထားပါသည်။
my_MMMY