ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နည်းဥပဒေ၃၈

၃၈။    စာရေးဝန်ထမ်းကြီးကြပ်သင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅)နှစ်နှင့်အောက် ဌာနခွဲစာရေးနှင့် ရုံးအုပ်များ တက်ရောက်ရမည်။ *၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

လူတွေ့စစ်ဆေးခြင်း

၃၈။ (က) လူတွေ့စစ်ဆေးခြင်းကို နည်းဥပဒေ ၂၉ ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် စစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၁၀ဝ၊ အကဲဖြတ်အမှတ်ပေးခြင်းအတွက် အမှတ်ပြည့် ၁၀ဝ ပေးထားသည့်အနက် အနည်းဆုံးအမှတ် ၄၀ စီရရှိသူ များအား ပြုလုပ်ရမည်။

( ခ ) လူတွေ့စစ်ဆေးမှုအတွက် အမှတ်ပြည့်မှာ ၅၀ ဖြစ်သည်။ လူတွေ့စစ်ဆေးခြင်း ခံရသော ဝန်ထမ်းများကို အောက်ပါအချက်များအပေါ် အခြေခံစစ်ဆေးရမည်-

  • (၁) လုပ်ငန်းကျွမ်းကျင်မှုအတွက် အမှတ်ပြည့် ၂၀ မှတ်
  • (၂) သွက်လက်ပြတ်သားမှုအတွက် အမှတ်ပြည့် ၁၀ မှတ်
  • (၃) ထိုးထွင်းဉာဏ်ကောင်းမှုအတွက် အမှတ်ပြည့် ၁၀ မှတ်
  • (၄) အထွေထွေဗဟုသုတအတွက် အမှတ်ပြည့် ၁၀ မှတ်

( ဂ ) အရည်အချင်းစစ်ဆေးရေးအဖွဲ့သည် လူတွေ့စစ်ဆေးရေးအဖွဲ့တာဝန်ကိုပါ ဆောင်ရွက်ရမည်။</]p>

(ဃ) အရည်အချင်းစစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးစီက လူတွေ့စစ်ဆေးမှုအတွက် အမှတ်ပေးရမည်။ တစ်ဦးစီပေးထားသော အမှတ်များကို ပျမ်းမျှပြု၍ ယင်းအဖွဲ့၏အမှတ်အဖြစ် သတ်မှတ်ပေးရမည်။

၃၈။ စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့် သင်တန်းသို့ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော အသက် ၄၅ နှစ်အောက်ရှိပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် ဌာနခွဲစာရေးနှင့် ရုံးအုပ်များ တက်ရောက်ရမည်။

my_MMMY