Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
၂၃။ အဖွဲ့သည် နည်းဥပဒေ ၂၂ အရ အဆိုပြုညှိနှိုင်းလာသည့်ကိစ္စနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါအချက်များကို စိစစ်ဆောင်ရွက်ရမည် –
- (က) ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက သဘောတူညီထားခြင်း ရှိ မရှိ၊
- ( ခ ) တိုးမြှင့်ခန့်ထားမည့် ရာထူးသည် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့ အစည်း၏ ဖွဲ့စည်းပုံတွင် ပါဝင်ခြင်း ရှိ မရှိ၊
- ( ဂ ) တိုးမြှင့်ခန့်ထားရန် အဆိုပြုသည့် ဝန်ထမ်းများအတွက် လစ်လပ်ရာထူးနေရာ လုံလောက်မှု ရှိ မရှိ၊
- (ဃ) သတ်မှတ်ချက်နှင့် ညီညွတ်သည့် ဝန်ထမ်းအားလုံးကို ရေးဖြေနှင့် လက်တွေ့ စစ်ဆေးခြင်း ရှိ မရှိ၊
- ( င ) ရာထူးသက်၊ လုပ်သက် တွက်ချက်ထားသည့် နေ့ရက်ပါရှိခြင်း ရှိ မရှိ၊
- ( စ ) တန်းစီဇယား အတည်ပြုသည့်နေ့ရက်ပါရှိခြင်း ရှိ မရှိနှင့် တန်းစီဇယား၏ သက်တမ်းကုန်ဆုံးခြင်း ရှိ မရှိ၊
- (ဆ) တန်းစီဇယားတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၏ အရည် အချင်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ အမည်၊ ရာထူးနှင့် လက်မှတ်များပါရှိခြင်း ရှိ မရှိ၊
- ( ဇ ) တန်းစီဇယားတွင် စုစုပေါင်းရမှတ် တူညီနေပါက အမှတ်တူ ရှင်းလင်းချက်ဖော်ပြထားခြင်း ရှိ မရှိ၊
- ( ဈ ) အဆိုပြုဝန်ထမ်းများအတွက် ကိုယ်ရေးမှတ်တမ်းများပါရှိခြင်း ရှိ မရှိ၊
- (ည) အဆိုပြုဝန်ထမ်းများ၏ ရာထူးသက်၊ လုပ်သက်သည် နည်းဥပဒေ ၂၀ အရ သတ်မှတ်ချက်နှင့်ညီညွတ်ခြင်းရှိ မရှိ၊
- ( ဋ ) အဆိုပြုဝန်ထမ်း တာဝန်ထမ်းဆောင်နေသည့် ရာထူးအမျိုးအစားနှင့် တိုးမြှင့်ခန့်ထားမည့် ရာထူးအမျိုးအစားတို့ ညီညွတ်ခြင်း ရှိ မရှိ၊
- ( ဌ ) အဆိုပြုဝန်ထမ်းများသည် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစား ရမည့်ကာလဖြစ်နေပါက ကြိုတင်ပြင်ဆင်ခွင့်ခံစားနေခြင်း ရှိ မရှိနှင့် သက်ဆိုင်ရာဌာနက ယင်းခွင့်ကို ငြင်းပယ်ထားခြင်း ရှိ မရှိ။
- (ဍ) အဆိုပြုဝန်ထမ်းများအား စိတ်အခြေအနေ စစ်ဆေးထားခြင်း ရှိ မရှိ၊*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
- (ဎ) အဆိုပြုဝန်ထမ်းများသည် လက်ရှိရာထူးအတွက် သတ်မှတ်ထားသော နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ပြီးစီးခြင်း ရှိ မရှိ။*၃၀-၁-၂၀၂၃ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။