ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နည်းဥပဒေ၁၃

၁၃။ အဖွဲ့သည် ရေးဖြေစာမေးပွဲတွင် အောင်မြင်သူများအနက်မှ ရမှတ်အများ အနည်းပေါ်မူတည်၍ အရည်အချင်းပြည့်မီသူများကိုသာ စိတ်အခြေအနေ စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများအတွက် ကြေညာချက်ထုတ်ပြန်ကာ အကြောင်းကြားခေါ်ယူ၍ စစ်ဆေးရွေးချယ်ရမည်။

၁၃။ နည်းဥပဒေ ၁၂ အရ ဝန်ထမ်းအဖြစ်မှ အလိုအလျောက်ရပ်စဲသော ဝန်ထမ်းနှင့် ပတ်သက်၍ ရာထူးဝန်အဖွဲ့က ခိုင်လုံသောအကြောင်းများရှိသည်ဟုယူဆလျှင် ဝန်ထမ်းအဖြစ်မှ ရပ်စဲသွားခြင်းကို ပယ်ဖျက်နိုင်သည်။ ဤပြဋ္ဌာန်းချက်သည် တာဝန်မှယာယီရပ်ဆိုင်းခြင်း ခံရသဖြင့် အလုပ်ခွင်မှကင်းကွာနေသော ဝန်ထမ်းနှင့်မသက်ဆိုင်စေရ။

၁၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁၊ နည်းဥပဒေခွဲ (ဂ) တွင်ပါရှိသော “မီးဖွားသော အမျိုးသမီး၏ ခင်ပွန်းသည် ဝန်ထမ်းဖြစ်လျှင် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခွင့် ရရှိရေးအတွက် ခင်ပွန်းဖြစ်သူကို ရက်သတ္တပတ် နှစ်ပတ် ခွင့်ပြုရမည်။” ဆိုသည့်စကားရပ်ကို “ဝန်ထမ်း၏ ဇနီးသည် မီးဖွားလျှင် ခင်ပွန်းဖြစ်သူကို မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခွင့်အဖြစ် ကလေးမွေးဖွားသည့်နေ့မှ ၂၈ ရက်အတွင်း ရက်သတ္တပတ် နှစ်ပတ်ခွင့်ပြုရမည်။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၆ တွင် –

  • (က) နည်းဥပဒေခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “( ခ )ကိုယ်ရေးမှတ်တမ်း၊ လုပ်သက်ရမှတ်နှင့် အကဲဖြတ်ရမှတ်တို့ဖြင့် ပုံစံ(၁၈) ပါ အတိုင်း တန်းစီဇယားရေးဆွဲပြီး စိစစ်ရွေးချယ်ရမည်။”
  • ( ခ ) နည်းဥပဒေခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “ ( ဂ ) ချိန်နှုန်းလစာ (၁၆၀၀၀ဝိ-၂၀၀ဝိ-၁၇၀၀၀ဝိ) အဆင့်မှ (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ) အဆင့်သို့ ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်ခြင်းကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း၏ ချိန်နှုန်းလစာ (၂၀၀၀၀ဝိ- ၂၀၀ဝိ-၂၁၀၀၀ဝိ) အဆင့် အရာရှိက ပုံစံ(၁၉)ပါအတိုင်း ကနဦးမှတ်တမ်းရေး၍ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေးပြီး ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီး အမှူးက အပြီးသတ်မှတ်တမ်းရေး၍ အတည်ပြုလက်မှတ်ရေးထိုးရမည်။”
  • ( ဂ ) နည်းဥပဒေခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “ (ဃ) ဖွဲ့စည်းပုံအရ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းတွင် ချိန်နှုန်းလစာ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ)အဆင့် အရာရှိမရှိပါက စီမံခန့်ခွဲရေးဌာနကို တာဝန်ယူရသော ချိန်နှုန်းလစာ(၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်အရာရှိက ဦးဆောင်၍ အခြားရာထူး အဆင့်တူ အရာရှိများ ပါဝင်သော အဖွဲ့က ပုံစံ (၁၉)ပါအတိုင်း ကနဦးအကဲဖြတ် မှတ်တမ်းရေးပြီး ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေး ရမည်။”
  • (ဃ) နည်းဥပဒေခွဲ (င) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “ (င) ချိန်နှုန်းလစာ(၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ)အဆင့်မှ(၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်ထိ ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်ခြင်းကို ပုံစံ(၁၉)ပါအတိုင်း ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ကနဦးမှတ်တမ်းရေး၍ ယင်း၏အထက် အဆင့် အကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေးပြီး ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီးအမှူးက အပြီးသတ်မှတ်တမ်းရေး၍ အတည်ပြုလက်မှတ်ရေးထိုးရမည်။”
my_MMMY