ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နည်းဥပဒေ၁၁

၁၁။ အဖွဲ့သည် တင်သွင်းလာသည့် လျှောက်လွှာများကို စိစစ်၍ သတ်မှတ်ချက်နှင့် ညီညွတ်သော လျှောက်ထားသူများကို ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊ စိတ်အခြေအနေ စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်ပြီး လစ်လပ်ရာထူးအတွက် သင့်လျော် သူများကို ရွေးချယ်ပေးရမည်။

၁၁။ ဝန်ထမ်းတစ်ဦးကို လက်ရှိရာထူးမှ အဆင့်နိမ့်သောရာထူးသို့ အောက်ပါအခြေအနေ တစ်ရပ်ရပ်မှတစ်ပါး အခြားအကြောင်းကြောင့် ပြောင်းရွှေ့ခြင်းမပြုရ-

  • (က) လုပ်ရည်ကိုင်ရည်ညံ့ဖျင်းခြင်း၊
  • ( ခ ) မလျော်ကန်သည့် အပြုအမူပြုလုပ်ကြောင်း ခိုင်လုံသည့်အထောက်အထားရှိခြင်း၊
  • ( ဂ ) ဝန်ထမ်းကိုယ်တိုင်က လစာနည်းသောရာထူးသို့ ပြောင်းရွှေ့ပေးရန် စာဖြင့် တောင်းခံခြင်း။

ရှင်းလင်းချက်။

  • (၁) ရာထူးတစ်ခုကို ဖျက်သိမ်းသည့်အတွက် ယင်းရာထူး၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းကို အခြားရာထူး တစ်ခုသို့ လွှဲပြောင်းနေရာချထားခြင်းသည် အဆင့်နိမ့် သောရာထူးသို့ ပြောင်းရွှေ့ခြင်းဆိုသည့် စကားရပ်တွင် အကျုံးမဝင်ပါ။
  • (၂) ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်ဒဏ်ဖြစ်သည့် လက်ရှိရာထူးမှ အဆင့်နိမ့်ရာထူးသို့ ကာလကန့်သတ် ချက်ဖြင့် ခေတ္တပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည့် ကာလသည် အဆင့်နိမ့်ရာထူးသို့ ပြောင်းရွှေ့ခြင်း  ဆိုသည့် စကားရပ်တွင် အကျုံးမဝင်ပါ။

၁၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၆၊ နည်းဥပဒေခွဲ (ခ) တွင် ပါရှိသော “ဇယား (၂) ပါအတိုင်း ခရီးစရိတ်ခွင့်ပြုခြင်း၊” ဆိုသည့် စကားရပ်ကို “စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာနက အခါအားလျော်စွာ သတ်မှတ်သည့်ခရီးစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ခံစားခွင့်ပြုခြင်း၊ ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၁ တွင်ပါရှိသော “စစ်ဆေးမှုခံရသည့်ဝန်ထမ်း များ” ဆိုသည့် စကားရပ်ရှေ့တွင် “စုံစမ်း” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။

my_MMMY