ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အပိုဒ်၁၇

ဌာနဆိုင်ရာစစ်ဆေးမှု

၁၇။ ဝန်ထမ်းကို စွဲချက်တင်နိုင်ရန် ခိုင်လုံသောအချက်အလက်  သို့မဟုတ် အထောက်အထားများ ထင်ရှားပေါ်ပေါက်ခြင်း၊ စာရင်းစစ် အဖွဲ့၏ အစီရင်ခံစာအရ သက်ဆိုင်ရာဝန်ထမ်းတွင် ပြန်လည်ရှင်းလင်းရန် တာဝန်ထင်ရှားပေါ်ပေါက်ခြင်းများနှင့် ငြိစွန်းကြောင်းတွေ့ရှိလျှင် ဌာန ဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၂ (က)(ခ)

၁၇။       အထက်အရာရှိ အကြီးအမှူးများကလည်း မိမိလက်အောက်ဝန်ထမ်းများမှ တင်ပြလာသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်းတို့ဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ မှန်ကန် မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်ရမည်။

စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

၁၇။ ဝန်ထမ်းအား ရာထူးတိုးမြှင့်ခန့်အပ်ရန် အကြောင်းပေါ်ပေါက်လာပါက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၃၅(ဈ)(၄)အရ သီးခြားအကဲဖြတ်မှတ်တမ်းရေးရာ၌ တစ်နှစ်တာကာလ အတွက် စွမ်းဆောင်ရည်အကဲဖြတ်သည့်ပုံစံတွင် အကဲဖြတ်ချက်အမှတ်ပေးထားမှုများကို ထည့်သွင်း သုံးသပ်ရမည်။

my_MMMY