ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အပိုဒ်၁၁

၁၁။ ဝန်ထမ်းအား တရားစွဲဆိုသောအမှုနှင့်စပ်လျဉ်း၍ တရားရုံးက စွဲချက်မတင်မီလွှတ်ခြင်း သို့မဟုတ် အပြီးအပြတ်လွှတ်ခြင်း အမိန့်တစ်စုံတစ်ရာချမှတ်စေကာမူ ယင်းတရားစွဲဆိုသောအမှုသည် ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းခြင်း သို့မဟုတ် စည်းကမ်းဖောက်ဖျက်ခြင်း သို့မဟုတ် တာဝန်ပျက်ကွက်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရားပျက်ပြား ခြင်းနှင့် အကျုံးဝင်သည့်ကိစ္စဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသည် ယင်းဝန်ထမ်းကို ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူနိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၄၀

အခန်း()

 ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့်ယုံကြည်ထိုက်ခြင်း

 

၁၁။       နိုင်ငံ့ဝန်ထမ်းများသည် –

  • (က) ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် ရိုးသားဖြောင့်မတ်မှုရှိရမည်။
  • ( ခ )  ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်သိက္ခာကို အကောင်းဆုံးစောင့်ထိန်းရမည်။
  • ( ဂ )  တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းနှင့် မလျော်ဩဇာ သုံးခြင်းတို့မှ ရှောင်ကြဉ်ရမည်။
  • (ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲ သုံးစားမှုမပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည်။
  • ( င )  အစိုးရနှင့်ပြည်သူများအကြား ကောင်းမွန်သောယုံကြည်မှုကို တည်ဆောက်ထိန်းသိမ်း နိုင်ရေး ဦးတည်ကြိုးပမ်းရမည်။
  • ( စ ) ရာထူး၊ ဌာန၊ လုပ်ငန်းတာဝန်များနှင့်ဆက်စပ်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များ ရောထွေးမှုမရှိစေရေး စောင့်ထိန်းရမည်။
  • (ဆ) လုပ်ငန်းခွင်အတွင်း အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရမည်။
  • ( ဇ )  လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် သတင်းအချက်အလက်များ ပေါက်ကြားမှု မရှိစေရေး အထူးသတိပြု ထိန်းသိမ်းရမည်။
  • ( ဈ ) ရိုးသားဖြောင့်မတ်ပြီး နိုင်ငံတော်၊  မိမိဌာနအဖွဲ့အစည်းနှင့် ပြည်သူတို့အပေါ် သစ္စာရှိရ မည်။
  • (ည)  ဌာနအဖွဲ့အစည်းက ယုံကြည်စိတ်ချစွာတာဝန်ပေးအပ်နိုင်သူဖြစ်ရမည်။
  • ( ဋ ) ဝန်ထမ်းအချင်းချင်း၏ ယုံကြည်လေးစား အားကိုးထိုက်သူဖြစ်ရမည်။
  • ( ဌ )  မိမိဌာနအဖွဲ့အစည်းနှင့် ဝန်ထမ်းအချင်းချင်းအပေါ် အထင်အမြင်လွဲမှားစေမည့် အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုတို့ကို ရှောင်ကြဉ်ရမည်။
  • ( ဍ ) ဌာနအဖွဲ့အစည်းဆိုင်ရာ သတင်းအချက်အလက်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။
  • ( ဎ ) မိမိ၏အခွင့်အာဏာနှင့်ဆက်နွှယ်၍ မည်သည့်စီးပွားရေး လုပ်ငန်းများတွင်မျှ ကိုယ်ကျိုး စီးပွားပါဝင်ပတ်သက်ခြင်းမပြုရ။

အကဲဖြတ်သုံးသပ်မှုတွင် တုံ့ပြန်အကြံပြုခြင်းအခန်းကဏ္ဍ

၁၁။ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်သုံးသပ်မှု၏ အဓိကရည်ရွယ်ချက်မှာ အကဲဖြတ်ခံ ဝန်ထမ်းသည် ၎င်း၏ အကဲဖြတ်သူအရာရှိထံမှ တုံ့ပြန်အကြံပြုမှုများကို လက်ခံရရှိနိုင်ရန်နှင့် ၎င်း၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အကဲဖြတ်သူ၏ ထင်မြင်ယူဆချက်၊ သဘောထားကိုသိရှိနိုင်ရန် ဖြစ်ပါသည်။ အကဲဖြတ်သုံးသပ်မှုတွင် ဝေဖန်ထောက်ပြမှုနှင့် ချီးကျူးပြောဆိုမှုများကို မျှမျှတတ ဆောင်ရွက်ရန်ဖြစ်၍ အကဲဖြတ်သူအရာရှိအနေဖြင့် ဝန်ထမ်းများ၏အားသာချက်၊ အားနည်းချက် များကို မှန်ကန်စွာထုတ်ဖော်ပြီး လုပ်ငန်းလုပ်ဆောင်ရာတွင် အားသာချက်များကို အလေးပေး ဆောင်ရွက်စေပြီး အားနည်းချက်များကိုလည်း ဝေဖန်ထောက်ပြ၍ အားသာချက် ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင် တိုက်တွန်းပေးခြင်းကို ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။ ဝန်ထမ်းအား ဝေဖန် ထောက်ပြခြင်း သို့မဟုတ် တည့်မတ်အကြံပြုခြင်းတို့ကို အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက် နိုင်ပါသည်-

my_MMMY