၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် –
- (က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆိုသည်။
- (ခ) အဖွဲ့ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုဆိုသည်။
- (ဂ) ဥက္ကဋ္ဌ ဆိုသည်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ကိုဆိုသည်။
- (ဃ) အဖွဲ့ဝင် ဆိုသည်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ကိုဆိုသည်။
- (င) ဝန်ထမ်းအဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တည်ဆဲဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းကိုဆိုသည်။
- (စ) ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ဖွဲ့စည်းပုံပါရာထူးတွင် ခန့်အပ်ခြင်းခံရသူ နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။
- (ဆ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ဆိုသည်မှာ နိုင်ငံ့၀န်ထမ်းဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း ဖြစ်သည်။**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။