၁၀။ ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
- (က) ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေး အတွက် ဝန်ထမ်းတက္ကသိုလ်များ၊ ဝန်ထမ်းကျောင်းများကို ဖွင့်လှစ်ခြင်း၊
- (ခ) သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပ ဆောင်ရွက်ခြင်း၊
- (ဂ) လေ့ကျင့်ရေးဆိုင်ရာ မူဝါဒများရေးဆွဲ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ခြင်း၊
- (ဃ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်း များအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများနှင့်စပ်လျဉ်း၍ ချမှတ်ထားသည့် နိုင်ငံ့၀န်ထမ်းလေ့ကျင့်ရေးမူဝါဒနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
- (င)၀န်ထမ်းအဖွဲ့အစည်း အကြီးအမှုးများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ ရာထူးနေရာများတွင် စွမ်းဆောင်ရည်ရှိသူများကို ထိုက်တန်စွာ ရွေးချယ်ခန့်အပ် တာ၀န်ပေးနိုင်ရေးအတွက် ၀န်ထမ်းအဆင့်အလိုက် ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်း။**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။