ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နည်းဥပဒေ၁၅

၁၅။ သက်ဆိုင်ရာ ရာထူးအတွက် လျှောက်ထားသူဦးရေသည် လစ်လပ်ရာထူးအရေ အတွက်ထက် လျော့နည်းနေလျှင်ဖြစ်စေ၊ တူညီနေလျှင်ဖြစ်စေ၊ ပိုမိုသည့်တိုင်အောင် ကွာခြားချက်များပြားခြင်း မရှိလျှင်ဖြစ်စေ အဖွဲ့သည် ထိုရာထူးအတွက် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းမပြုဘဲ လျှောက်ထားသူများကို အကြောင်းကြားခေါ်ယူကာ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်သည်။

၁၅။ အောက်ပါရာထူးအဆင့်များကို ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ်များအား စတင်ခန့်အပ်နိုင်သည် –

  • (က) အကူဝန်ထမ်းအဆင့် (၁)၊
  • ( ခ ) စာရေးဝန်ထမ်းအဆင့် (၁)၊
  • ( ဂ )ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁)၊ အဆင့် (၂)နှင့် အဆင့် (၄)၊၊ ***၂၄-၈-၂၀၂၀ ရက်နေ့တွင် တတိယအကြိမ်ပြင်ဆင်သည်။
  • (ဃ) ပညာရှင်အဆင့် (၁)၊ အဆင့် (၂) နှင့် အဆင့် (၃)၊
  • ( င ) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၁) နှင့် အဆင့် (၂)၊***၂၄-၈-၂၀၂၀ ရက်နေ့တွင် တတိယအကြိမ်ပြင်ဆင်သည်။
  • ( စ ) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁)။

၁၅။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၂၂၊ နည်းဥပဒေခွဲ(က) တွင်ပါရှိသော “အယူခံ အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းပြီး” ဆိုသည့် စကားရပ်၏နောက်တွင် “ပုံစံ (၂၀) ပါအတိုင်း” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။

၁၅။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၈ တွင်ပါရှိသော “ ထူးခြားသောအခြေအနေ များကြောင့် ချီးမြှင့်လိုပါက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် သင့်လျော်သလို မိမိအခွင့်အာဏာဖြင့် ရာထူးတိုးမြှင့်ပေးနိုင်သည်။” ဆိုသည့် စကားရပ်ကို “ထူးခြားသောအခြေအနေ များကြောင့် ချီးမြှင့်လိုပါက အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံတင်ပြမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏ သဘော တူညီချက်ဖြင့် ရာထူးတိုးမြှင့်ပေးနိုင်သည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

my_MMMY