ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နည်းဥပဒေ၁၂

၁၂။ အဖွဲ့သည် ရေးဖြေစာမေးပွဲတွင် ဖြေဆိုရမည့် ပုံစံ၊ ဘာသာရပ်နှင့် ဖြေဆိုရမည့် အချိန်တို့ကို သတ်မှတ်ပေးရမည်။ ထိုသို့ သတ်မှတ်ခြင်းကို သက်ဆိုင်ရာ ရာထူးအတွက် လျှောက်လွှာခေါ်ယူသည့် အဖွဲ့၏ ကြော်ငြာတွင် သီးခြားဖော်ပြရမည်။

၁၂။ ဝန်ထမ်းတစ်ဦးသည် ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင် နေသည့်အခါမှတစ်ပါး ခွင့်ဖြင့်ဖြစ်စေ၊ ခွင့်မဲ့ဖြစ်စေ အလုပ်ခွင်မှတစ်ဆက်တည်း ငါးနှစ်ကင်းကွာလျှင် ကင်းကွာသည့်ကာလ ငါးနှစ်ပြည့်သည့်နေ့၏နောက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှအလိုအလျောက်ရပ်စဲပြီးဖြစ်သည်။

၁၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၂၊ နည်းဥပဒေခွဲ (ဃ) တွင် ပါရှိသော “စုစုပေါင်းကာလသည် လေးလထက် မပိုစေရ။” ဆိုသည့် စကားရပ်ကို “စုစုပေါင်းကာလသည် နှစ်လထက် မပိုစေရ။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၄ တွင်ပါရှိသော “တန်းစီဇယားသက်တမ်းကုန်မှ ပြစ်ဒဏ်လွတ်မြောက်ပါက အရည်အချင်းစစ်ဆေးခြင်းကို ထပ်မံဖြေဆိုစေရမည်။” ဆိုသည့်စကားရပ်ကို “တန်းစီဇယားသက်တမ်းကုန်ချိန်တွင် ပြစ်ဒဏ်မလွတ်မြောက်သေးပါက အရည်အချင်းစစ်ဆေးခြင်းကို ထပ်မံဖြေဆိုရမည်။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

my_MMMY