ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နည်းဥပဒေ၁၀

၁၀။ နည်းဥပဒေ ၉ အရ ကြော်ငြာရာတွင် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ လုပ်ငန်းသဘာဝအရ အနည်းဆုံးလိုအပ်သော ပညာအရည်အချင်းကို သတ်မှတ်ရမည်။ အသက်ကန့်သတ်ချက်အား လျှောက်လွှာပိတ်သည့်နေ့ကို မူတည်၍ အတိအကျ သတ်မှတ် ထားရမည်။ ထို့ပြင် ထူးခြားသော အခြေအနေနှင့် လုပ်ငန်းသဘာဝအရ သီးခြား အရည်အချင်းသတ်မှတ်ခြင်းနှင့် အသက်ကန့်သတ်ချက်ဖော်ပြခြင်းတို့ကို ပြုလုပ်လိုပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် အဖွဲ့နှင့် ညှိနှိုင်း၍သတ်မှတ်ရမည်။

၁၀။ ပြစ်ဒဏ်တစ်ရပ်အဖြစ် အဆင့်နိမ့်ရာထူးသို့ ကာလသတ်မှတ်ချက်ဖြင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည့်ကိစ္စတွင် ယင်းဝန်ထမ်း၏ရာထူးအနွယ်သည် မူလရာထူး၌သာရှိပြီး အဆင့်နိမ့်ရာထူး၏ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို မရရှိစေရ။

၁၀။ (က) နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၇ အထက်ရှိ ခေါင်းစဉ်ကို အောက်ပါ အတိုင်း အစားထိုးရမည်-
ဝန်ထမ်းများအား ရာထူးသက်၊ လုပ်သက် သို့မဟုတ် ပညာအရည်အချင်းသတ်မှတ် ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားခွင့်ပြုခြင်း

(ခ) နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၇ ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“၃၇။ ထူးချွန်သည့်ဝန်ထမ်းများကို သင့်တင့်သောကာလအတွင်း တစ်ဆင့်မြင့် ရာထူးများတွင် တိုးမြှင့်ခန့်ထားခြင်းဖြင့် ထိုက်ထိုက်တန်တန် ချီးမြှင့်သည့်အနေဖြင့် လည်းကောင်း၊ ရာထူးသက်၊ လုပ်သက် သို့မဟုတ် ပညာအရည်အချင်းသတ်မှတ်ချက် နှင့် ပြည့်မီခြင်း မရှိသော်လည်း ကြိုးစားမှု၊ လေ့လာမှု ထူးကဲသာလွန်သည့်ဝန်ထမ်း များကို ချီးမြှောက်နိုင်ရန်အတွက်လည်းကောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းများသည် –

  • (က) ဖွဲ့စည်းပုံပါလစ်လပ်သည့် ရာထူးနေရာများသို့ တိုးမြှင့်ပေးရေးအတွက် ဆောင်ရွက်ရာတွင် သာမန်အားဖြင့် လိုအပ်သော အရည်အချင်း များနှင့် ပြည့်စုံသည့်ဝန်ထမ်းများကို လစ်လပ်ရာထူးဦးရေ၏ သုံးပုံ နှစ်ပုံထိ အနည်းဆုံး ရှိရမည့် ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက် ပြည့်မီမှသာ ရာထူးတိုးမြှင့်ပေးရေးအတွက် စဉ်းစားရမည်။ ကျန် လစ်လပ်ရာထူးသုံးပုံတစ်ပုံကိုမူ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းက သင့်လျော်သည်ဟုယူဆလျှင် လက်ရှိအဆင့်တွင် အနည်းဆုံးရှိရမည့် ရာထူးသက်၊ လုပ်သက်ကို လျှော့ပေါ့၍ အထူးကိစ္စရပ်အနေဖြင့် ရာထူးတိုးမြှင့် ခန့်ထားနိုင်သည်။
  • (ခ) ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့် ခန့်ထားရေးအတွက် ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရန်ဖြစ်သည်-
    • (၁) လုပ်ငန်းကျွမ်းကျင်မှုရှိပြီးအထူးကြိုးစားထမ်းဆောင်ခြင်း၊
    • (၂) အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်သစ္စာရှိခြင်း၊
    • (၃) စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့် ဌာနအကျိုးစီးပွား အတွက် မွန်မြတ်သောစေတနာထားရှိခြင်း၊
    • (၄) တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
    • (၅) ပညာအရည်အချင်း၊ကျွမ်းကျင်မှုအရည်အချင်းထူးကဲသာလွန်ခြင်း၊
    • (၆) ခေါင်းဆောင်မှုကောင်းခြင်း၊
    • (၇) အကျင့်စာရိတ္တကောင်းမွန်ခြင်း။
  • (ဂ) ဝန်ထမ်းများအားရာထူးသက်၊ လုပ်သက် သို့မဟုတ် ပညာအရည်အချင်း သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအလိုက် “အရည်အချင်းစစ်ဆေး ရေးအဖွဲ့” များ ဖွဲ့စည်းပြီး နည်းဥပဒေခွဲ (ခ) နှင့် နည်းဥပဒေခွဲ (စ) တို့ပါ သတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ရမည်။
  • (ဃ) အရည်အချင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးရွေးချယ်သည့် ဝန်ထမ်းများ အား ရာထူးသက်၊ လုပ်သက် သို့မဟုတ် ပညာအရည်အချင်း သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားခွင့်ရရှိရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးထံ တင်ပြပြီး သဘောတူညီချက် ရယူဆောင်ရွက်ရမည်။
  • (င) ပြန်တမ်းဝင်အရာရှိအဆင့်သို့ ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက်ကို လျှော့ပေါ့၍ တိုးမြှင့်ခန့်ထားရာတွင် လက်ရှိရာထူးလုပ်သက် အနည်းဆုံး တစ်နှစ်ရှိသူ သို့မဟုတ် သတ်မှတ်ထားသည့် လက်ရှိ ရာထူးသက်ပြည့်မီရန် ခြောက်လအလိုကာလအတွင်းရှိသူကိုသာ စဉ်းစား ရမည်ဖြစ်ပြီး ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ကို ရယူရမည်။
  • (စ) ပညာအရည်အချင်းကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ပေးလိုပါက အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ရမည်။ သို့ရာတွင် သတ်မှတ်ရာထူးသက်၊ လုပ်သက်ပြည့်မီရမည်။ ပြန်တမ်းဝင် အရာရှိအဆင့်သို့ တိုးမြှင့်ခန့်ထားလိုခြင်းဖြစ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ပူးတွဲ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ ဆက်လက် အဆိုပြုညှိနှိုင်းရမည်-
    • (၁) လုပ်ငန်းကျွမ်းကျင်မှုရှိပြီးအထူးကြိုးစားထမ်းဆောင်ခြင်း၊
    • (၂) အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်သစ္စာရှိခြင်း၊
    • (၃) စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့် ဌာနအကျိုးစီးပွား အတွက် မွန်မြတ်သောစေတနာထားရှိခြင်း၊
    • (၄) တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
    • (၅) ကျွမ်းကျင်မှုအရည်အချင်းထူးကဲသာလွန်ခြင်း၊
    • (၆) ခေါင်းဆောင်မှုကောင်းခြင်း၊
    • (၇) အကျင့်စာရိတ္တကောင်းမွန်ခြင်း။”

၁၀။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၀ တွင်ပါရှိသော “တန်းစီဇယားရေးဆွဲ ရမည်။” ဆိုသည့် စကားရပ်ကို “တန်းစီဇယားကို ပုံစံ (၁၈ )ပါအတိုင်းရေးဆွဲရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

my_MMMY