ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပုဒ်မ၉

၉။ ဝန်ထမ်းများအား ခန့်ထားရေးနှင့် အဆင့် တိုးမြှင့်ရေးတို့အတွက် ရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

  • (က) မည်သည့်ရာထူးအဆင့် ဝန်ထမ်းများကိုသာ အဖွဲ့က ရွေးချယ်ခွင့် ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
  • (ခ) အဖွဲ့ကသာ ရွေးချယ်ရန်သတ်မှတ်ထားသော ရာထူးအဆင့်မှ အပ ကျန်ရာထူးအဆင့်ရှိ ဝန်ထမ်းများအား သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်ရန်သတ်မှတ်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဂ) အဖွဲ့ကသာ ရွေးချယ်ရန်သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူးအဆင့်ရှိ ၀န်ထမ်းများကို ရွေးချယ်ရန် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူးက အဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်စေရန် လွှဲအပ်ခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (ဃ) ပုဒ်မ ၈၊ ပုဒ်မခွဲ(ဇ)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပုဒ်မ ၈ ၊ ပုဒ်မခွဲ (ဈ) ပါ ဝန်ထမ်းများကို ခန့်အပ်လိုသည့်ကိစ္စများတွင် အဖွဲ့၏ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအား ဆောင်ရွက်စေခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (င) ထူးခြားသည့်အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းတစ်ခုခုတွင် မည်သည့်အဆင့် ဝန်ထမ်းကိုမဆို ခန့်အပ်ရန် လိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံတင်ပြခြင်း၊**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။
  • (စ) ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက နိုင်ငံ့၀န်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီ ထောက်ခံလာသော ကိစ္စရပ်များကို စိစစ်ဆောင်ရွက်ခြင်း။**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

၉။   ဝန်ထမ်းအဖွဲ့အစည်းများသည် ဝန်ထမ်းအမျိုးအစားအလိုက် အစမ်းခန့် ကာလနှင့်  စည်းကမ်းချက်များကို  ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် လိုအပ်သလို သတ်မှတ်နိုင်သည်။

၉။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၄ ၏နောက်တွင် ပုဒ်မ ၂၄-က ကို အောက်ပါအတိုင်း ဖြည့်စွက် ရမည်-
“၂၄-က။ ဝန်ထမ်းသည် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှုအပေါ်မူတည်၍ သက်ဆိုင်ရာအရည်အချင်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှုအရ ချီးမြှင့်မြှောက်စားသည့် အနေဖြင့် ရာထူးတိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည်။”

၉။ ဝန်ထမ်းအဖွဲ့အစည်းများသည် ဝန်ထမ်းအမျိုးအစားအလိုက် အစမ်းခန့်ကာလနှင့် စည်းကမ်းချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သလို သတ်မှတ် နိုင်သည်။

my_MMMY