ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ – Mobile

၂၆။       ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသည် နည်းဥပဒေ ၂၅ အရ ရာထူးသက် သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါအချက်များကို ဦးစားပေး စဉ်းစားရမည်-

  • (က)    လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အထူးကြိုးစားထမ်းဆောင်ခြင်း၊
  • ( ခ )    အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
  • ( ဂ )    စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့်ဌာနအကျိုးစီးပွားအတွက် မွန်မြတ်သော စေတနာထားရှိခြင်း၊
  • (ဃ)    တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
  • ( င )    ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း ထူးကဲသာလွန်ခြင်း၊
  • ( စ )    ခေါင်းဆောင်မှုကောင်းခြင်း၊
  • (ဆ)    အကျင့်စာရိတ္တကောင်းမွန်ခြင်း။

၂၇။       ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် နည်းဥပဒေ ၂၅ အရ ရာထူးသက် သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရာတွင် လစ်လပ်ရာထူး၏ သုံးပုံတစ်ပုံအတွက်သာ တိုးမြှင့်ခန့်ထားရမည်။

၂၈။       ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ပညာအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ပေးလိုပါက အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပြီး ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ရမည်။ သို့ရာတွင် သတ်မှတ်ရာထူးသက် ပြည့်မီရမည်။ ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ခန့်ထားလိုခြင်းဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် ပူးတွဲ၍ အဖွဲ့သို့ ဆက်လက်အဆိုပြုညှိနှိုင်းရမည်-

  •  (က)    လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အထူးကြိုးစားထမ်းဆောင်ခြင်း၊
  •  ( ခ )    အထက်အရာရှိနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
  • ( ဂ )    စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော်နှင့်ဌာနအကျိုးစီးပွားအတွက် မွန်မြတ်သော စေတနာထားရှိခြင်း၊
  • (ဃ)    တီထွင်ကြံဆလုပ်ကိုင်တတ်ခြင်း၊
  • ( င )    ကျွမ်းကျင်မှုအရည်အချင်း ထူးကဲသာလွန်ခြင်း၊
  • ( စ )    ခေါင်းဆောင်မှုကောင်းခြင်း၊
  • (ဆ)    အကျင့်စာရိတ္တကောင်းမွန်ခြင်း။

အခန်း()

ဝန်ထမ်းများလေ့ကျင့်ခြင်း

၂၉။       အဖွဲ့သည် ဝန်ထမ်းများလေ့ကျင့်ပျိုးထောင်ရေး ဆောင်ရွက်ရာတွင် အောက်ပါအရည်အချင်းများ မြင့်မားလာစေရန် ဆောင်ရွက်ရမည်-

  • (က)    ဝန်ထမ်းများသိရှိရမည့်ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များကို သိရှိနားလည်မှု၊
  • ( ခ )    ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
  • ( ဂ )    အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
  • (ဃ)     ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
  • ( င )    ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှုသဘောတရားများ နားလည် တတ်မြောက်မှု၊
  • ( စ )    ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးအခြေအနေများကို လေ့လာ ဆည်းပူးသိရှိနားလည်မှု၊
  • (ဆ)    နိုင်ငံတော်က ထုတ်ပြန်သတ်မှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိနားလည်မှု၊
  • ( ဇ )    နိုင်ငံ့ဝန်ထမ်းတစ်ဦး တတ်မြောက်သင့်သော အခြေခံသတင်းအချက်အလက်နှင့် နည်းပညာလေ့ကျင့်တတ်ကျွမ်းမှု။

၃၀။       အဖွဲ့သည် အောက်ပါသင်တန်းများကို ဖွင့်လှစ်ရမည်-

(က)    အထူးမွမ်းမံသင်တန်းများ

  • (၁)   ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အခါအားလျော်စွာ ညွှန်ကြားသော သင်တန်းများ၊
  • (၂)   ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက အခါအားလျော်စွာ အဆိုပြုလာသော သင်တန်းများ။

            (ခ)     ပုံမှန်သင်တန်းများ

  • (၁)   ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊
  • (၂)   အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊
  • (၃)   အလယ်အလတ်အဆင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံ ခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာသင်တန်း၊
  • (၄)   အရာထမ်းအခြေခံသင်တန်း၊
  • (၅)   အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း၊
  • (၆)   အရာထမ်းငယ်အခြေခံသင်တန်း၊
  • (၇)   စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်း၊
  • (၈)   စာရေးဝန်ထမ်းအခြေခံသင်တန်း။

၃၁။         အဖွဲ့သည် နည်းဥပဒေ ၃၀ ပါ သင်တန်းများတွင် အောက်ပါဘာသာရပ်များကို လိုအပ်သလို ပို့ချပေးရမည်-

  • (က)    စီမံခန့်ခွဲမှုပညာဘာသာရပ်၊
  • ( ခ )    စီးပွားရေးပညာဘာသာရပ်၊
  • ( ဂ )    ဥပဒေပညာဘာသာရပ်၊
  • (ဃ)    လူမှုရေးသိပ္ပံပညာဘာသာရပ်၊
  • ( င )    နိုင်ငံရေးသိပ္ပံပညာဘာသာရပ်၊
  • ( စ )    အင်္ဂလိပ်စာဘာသာရပ်၊
  • (ဆ)    သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဘာသာရပ်။

၃၂။       ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အဆင့်တူအရာထမ်းများ တက်ရောက်ရမည်။

၃၃။       အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် ညွှန်ကြားရေးမှူးနှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။

၃၄။       အလယ်အလတ်အဆင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ်စေလွှတ် သောကျန်းမာရေးကောင်းမွန်သည့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။

၃၅။       အရာထမ်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် ဦးစီးအရာရှိနှင့်အဆင့်တူ အရာထမ်းများ တက်ရောက်ရမည်။

my_MMMY