ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ – Mobile


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၆။         သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူး အဆင့်တွင် လုပ်ငန်းသဘာဝအရဖြစ်စေ၊ ရာထူးအဆင့်အတွက် သတ်မှတ်ထားသည့်  အရည်အချင်း အရဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ်အား ရွေးချယ်ခန့်အပ်ရန် လိုအပ်သည့်ကိစ္စတွင် ခန့်အပ်လိုသည့် ကျွမ်းကျင် ဝန်ထမ်းအဆင့်(၃)ရာထူးကို ကျောထောက်နောက်ခံပြု၍ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) ရာထူးတွင် ဦးစွာအလုပ်သင်ခန့်ထားခြင်းကို ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်မှုကို ကျေနပ်မှုရှိပါက ကျောထောက် နောက်ခံပြုထားသည့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၃) ရာထူးတွင် ခန့်ထားရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၇။(က)    ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးတွင် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးနေရာ လစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လိုပါက အဖွဲ့ကသာ ရွေးချယ်ပေးရမည်။

( ခ )    ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ပြင်ပပုဂ္ဂိုလ်အား တိုက်ရိုက်ခန့်အပ်ရန် လိုအပ်လျှင်  သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက အဖွဲ့သို့ အဆိုပြုရမည်ဖြစ်ပြီး အဖွဲ့၏ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက် ရယူရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၈။         ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် လစ်လပ်သော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးနေရာများတွင် ပြင်ပပုဂ္ဂိုလ်အား ခန့်အပ်လိုပါက ရွေးချယ်ပေးရမည့် အရေအတွက်နှင့် သတ်မှတ်ချက်များဖော်ပြ၍ ရွေးချယ်ပေးရန် အဖွဲ့သို့အဆိုပြုရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၉။         အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ  အဆိုပြုလာသည့် အဆိုပြုချက်များကို စိစစ်၍ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူများအား ယှဉ်ပြိုင်စနစ်ဖြင့် ရွေးချယ် နိုင်ရန် လျှောက်လွှာခေါ်ယူသည့် ကြော်ငြာကို သတင်းစာများတွင် အနည်းဆုံးတစ်ကြိမ်စီ ထည့်သွင်း ကြော်ငြာရမည်။ ထို့ပြင် အဖွဲ့ရုံးရှိ ကြော်ငြာသင်ပုန်းတွင်လည်း ကြော်ငြာစာကို ကပ်ထားရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၁၀။       နည်းဥပဒေ ၉ အရ ကြော်ငြာရာတွင် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ လုပ်ငန်းသဘာဝ အရ အနည်းဆုံးလိုအပ်သော ပညာအရည်အချင်းကို သတ်မှတ်ရမည်။ အသက်ကန့်သတ်ချက်အား လျှောက်လွှာပိတ်သည့်နေ့ကို မူတည်၍ အတိအကျ သတ်မှတ်ထားရမည်။ ထို့ပြင် ထူးခြားသော အခြေအနေနှင့် လုပ်ငန်းသဘာဝအရ သီးခြားအရည်အချင်းသတ်မှတ်ခြင်းနှင့်အသက်ကန့်သတ်ချက် ဖော်ပြခြင်းတို့ကို ပြုလုပ်လိုပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် အဖွဲ့နှင့်ညှိနှိုင်း၍ သတ်မှတ်ရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၁၁။       အဖွဲ့သည် တင်သွင်းလာသည့် လျှောက်လွှာများကိုစိစစ်၍ သတ်မှတ်ချက်နှင့်ညီညွတ်သော လျှောက်ထားသူများကို ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့ စစ်ဆေးခြင်းများပြုလုပ်ပြီး လစ်လပ်ရာထူးအတွက် သင့်လျော်သူများကို ရွေးချယ်ပေးရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၁၂။       အဖွဲ့သည် ရေးဖြေစာမေးပွဲတွင် ဖြေဆိုရမည့် ပုံစံ၊ ဘာသာရပ်နှင့်ဖြေဆိုရမည့်အချိန်တို့ကို သတ်မှတ်ပေးရမည်။ ထိုသို့သတ်မှတ်ခြင်းကို သက်ဆိုင်ရာ ရာထူးအတွက် လျှောက်လွှာခေါ်ယူသည့် အဖွဲ့၏ကြော်ငြာတွင် သီးခြားဖော်ပြရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၁၃။       အဖွဲ့သည် ရေးဖြေစာမေးပွဲတွင် အောင်မြင်သူများအနက်မှ ရမှတ်အများအနည်းပေါ် မူတည်၍ အရည်အချင်း ပြည့်မီသူများကိုသာ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း များအတွက် ကြေညာချက်ထုတ်ပြန်ကာ အကြောင်းကြားခေါ်ယူ၍ စစ်ဆေးရွေးချယ်ရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၁၄။       ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၏ လုပ်ငန်းသဘာဝအရ သီးခြားအရည်အချင်း သတ်မှတ်ချက် နှင့်ကိုက်ညီရန် လိုအပ်သည့်အခြေအနေမျိုးတွင် အဖွဲ့က စစ်ဆေးသော ရေးဖြေစာမေးပွဲ၌      အရည်အချင်း ပြည့်မီသူများကို လိုအပ်သည့် သီးခြားအရည်အချင်းနှင့်ပြည့်စုံခြင်းရှိ မရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ဦးစွာစစ်ဆေးရမည်။ ယင်းသို့စစ်ဆေး၍ သီးခြားအရည်အချင်းနှင့် ပြည့်စုံသူများကိုသာ အဖွဲ့က စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်၍ ရွေးချယ်ရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၁၅။       သက်ဆိုင်ရာ ရာထူးအတွက် လျှောက်ထားသူဦးရေသည် လစ်လပ်ရာထူးအရေအတွက်ထက် လျော့နည်းနေလျှင်ဖြစ်စေ၊ တူညီနေလျှင်ဖြစ်စေ၊ ပိုမိုသည့်တိုင်အောင် ကွာခြားချက် များပြားခြင်း မရှိလျှင်ဖြစ်စေ အဖွဲ့သည် ထိုရာထူးအတွက် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းမပြုဘဲ လျှောက်ထားသူ များကို အကြောင်းကြားခေါ်ယူကာ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်သည်။

my_MMMY