ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ – Mobile

၁၀။       ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၃၆။   အရာထမ်းလောင်း (အထူး) သင်တန်းသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် အဖွဲ့က ရွေးချယ်ခြင်းခံရသည့် ကျန်းမာရေးကောင်းမွန်သည့် ပြန်တမ်းဝင် အရာရှိလောင်းများ တက်ရောက်ရမည်။”

၁၁။       ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၇ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၃၇။   အရာထမ်းငယ်သင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅) နှစ်နှင့် အောက်ရှိ အောက်ဖော်ပြပါ ဝန်ထမ်းများတက်ရောက်ရမည်-”

၁၂။       ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၈ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၃၈။   စာရေးဝန်ထမ်းကြီးကြပ်သင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅)နှစ်နှင့်အောက် ဌာနခွဲစာရေးနှင့် ရုံးအုပ်များ တက်ရောက်ရမည်။”

၁၃။       ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၃၉။   စာရေးဝန်ထမ်းသင်တန်းသို့ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အသက် (၄၅)နှစ်နှင့်အောက် အငယ်တန်း စာရေးနှင့် အကြီးတန်းစာရေးများ တက်ရောက်ရမည်။”

၁၄။       ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၄၀ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၄၀။   သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းသည် အထူးကိစ္စတစ်ရပ်အနေဖြင့် အဖွဲ့က တိုက်ရိုက်ရွေးချယ်သော ဝန်ထမ်းလောင်းများအား အရာထမ်းလောင်း (အထူး) သင်တန်းသို့ တက်ရောက်နိုင်စေရန် အဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်ရမည်။”

၁၅။       ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၄၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၄၂။     ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် မိမိတို့၏ လုပ်ငန်းသဘာဝအရ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းမှအပ စီမံခန့်ခွဲရေးဆိုင်ရာနှင့် ဝန်ထမ်းရေးရာ သင်တန်းများကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လိုပါက အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။”

ဒေါက်တာမောင်မောင်နိုင်

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့ 

အမိန့်ကြော်ငြာစာအမှတ်    ၈၁  / ၂၀၂၀

၁၃၈၂   ခုနှစ်၊ ဝါခေါင်လပြည့်ကျော်    ၉    ရက်

(၂၀၂၀  ပြည့်နှစ်၊  စက်တင်ဘာလ   ၁၁    ရက်)

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၂၇၊  ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း ()

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။      ဤနည်းဥပဒေများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် –

  • (က) အရာထမ်း ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်နှင့်အထက် ရာထူး အဆင့်ရှိ ဝန်ထမ်းများကိုဆိုသည်။
  • (ခ) အမှုထမ်း ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်အောက် ရာထူး အဆင့်ရှိ ဝန်ထမ်းများကိုဆိုသည်။
  • (ဂ) စတင်ခန့်ရာထူး ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းအမျိုးအစား အလိုက် စတင် ဝင်ရောက်ရမည့် ရာထူးအဆင့်ကို ဆိုသည်။
  • (ဃ) အလုပ်သင်ခန့်ထားခြင်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံပါ ခန့်ထားလိုသောရာထူးကို ကျောထောက်နောက်ခံပြု၍ လုပ်ငန်း တာဝန်နှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုအရည်အချင်းများကို ပြည့်ဝစေရန် ရည်ရွယ်၍ ခန့်ထားခြင်းကိုဆိုသည်။
  • (င) ရာထူးသက် ဆိုသည်မှာ လက်ရှိရာထူးအဆင့်တွင် တာဝန် ထမ်းဆောင်သည့်ကာလကိုဆိုသည်။
  • (စ) လုပ်သက် ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတွင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကာလကိုဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သင်ကာလ၊ အစမ်းခန့်ကာလ၊ လစာမဲ့ခွင့်မှအပ ခွင့်ခံစားနေသော ကာလ၊ တာဝန်ချိန်အဖြစ် သတ်မှတ်ခွင့်ပြုထားသော တာဝန်မှယာယီ ရပ်ဆိုင်းသည့်ကာလနှင့်တာဝန်ချိန်အဖြစ် သတ်မှတ်ခွင့်ပြုထားသော အခြားတာဝန်ထမ်းဆောင်သည့် ကာလများလည်း အကျုံးဝင်သည်။
  • (ဆ) ကူးပြောင်းချိန် ဆိုသည်မှာ ဒေသတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ရသည့် ဝန်ထမ်းကို မူလရာထူးရှိရာဒေသမှ ပြောင်းရွှေ့ရမည့်ဒေသသို့ သွားရောက်ရန် ခွင့်ပြုသည့် ကာလကိုဆိုသည်။
  • (ဇ) ပြင်ပဝန်ထမ်း ဆိုသည်မှာ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ပြင်ပ အဖွဲ့အစည်းတစ်ခုခု၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အချိန်ပြည့်လွှဲပြောင်းတာဝန်ထမ်းဆောင်နေပြီး လစာကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှအပဖြစ်သော အခြားဘဏ္ဍာရန်ပုံငွေ တစ်ရပ်ရပ်မှ ရယူခံစားနေသော ဝန်ထမ်းကိုဆိုသည်။
  • (ဈ) ပြင်ပဝန်ထမ်းစည်းကမ်းချက် ဆိုသည်မှာ ပြင်ပဝန်ထမ်းလိုက်နာရန် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက ထုတ်ပြန်သည့် စည်းကမ်းများကိုဆိုသည်။

အခန်း()

ဝန်ထမ်းများ ရွေးချယ်ခန့်ထားခြင်း

၃။         ဝန်ထမ်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • (က)   စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး)၊
  • ( ခ )  စီမံခန့်ခွဲရေးဝန်ထမ်း(စီးပွားရေး)၊
  • ( ဂ )  ပညာရှင်ဝန်ထမ်း ၊
  • (ဃ)   ကျွမ်းကျင်ဝန်ထမ်း၊
  • ( င )  စာရေးဝန်ထမ်း၊
  • ( စ )  အကူဝန်ထမ်း။

၄။         ဝန်ထမ်းများ ရွေးချယ်ခန့်ထားရာတွင် ခန့်ထားမည့် စတင်ခန့်ရာထူးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများအား ယှဉ်ပြိုင် ရွေးချယ်သည့်စနစ်ဖြင့် ရွေးချယ်ခန့်ထားရမည်။

၅။         အဖွဲ့က ရွေးချယ်ပေးရမည့် ရာထူးအဆင့်မှအပ အမှုထမ်းများအတွက် စတင်ခန့်ရာထူး အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • (က)    အကူဝန်ထမ်းအဆင့်(၁)၊
  • ( ခ )    စာရေးဝန်ထမ်းအဆင့်(၁)၊
  • ( ဂ )    ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁)၊ အဆင့် (၂) နှင့်အဆင့် (၄)၊
  • (ဃ)    ပညာရှင်အဆင့်(၁)၊ အဆင့် (၂) နှင့်အဆင့် (၃)၊
  • ( င )    စီမံခန့်ခွဲရေးဝန်ထမ်း(စီးပွားရေး) အဆင့်(၁)နှင့်အဆင့် (၂)၊
  • ( စ )    စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁)။
my_MMMY