ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ – Mobile

၃။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၃ ကိုအောက်ပါအတိုင်းအစားထိုးရမည်-
“၃။ ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၁ နှင့် ၂၉၂ တို့တွင် ဖော်ပြထားသော နိုင်ငံ့ဝန်ထမ်းများမှအပ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းအားလုံးနှင့် သက်ဆိုင်စေရမည်။”

၄။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၈ တွင် –

  • (က) ပုဒ်မခွဲ (ဃ) ကိုအောက်ပါအတိုင်း အစားထိုးရမည်-
    • “(ဃ) ဝန်ထမ်းရေးရာကိစ္စရပ်များကို သုတေသန ပြုလုပ်ခြင်း၊”
  • ( ခ ) ပုဒ်မခွဲ (ဃ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ-၁) အဖြစ်အောက်ပါအတိုင်း ဖြည့်စွက် ရမည်-
    • “(ဃ-၁) ဝန်ထမ်းများ၏ ဝန်ဆောင်မှုအပေါ်ပြည်သူများ၏ သဘောထားအမြင် များကို စစ်တမ်းကောက်ယူပြီး သုတေသနပြုလုပ်ခြင်း၊”
  • ( ဂ ) ပုဒ်မခွဲ (စ) နှင့်  (ဆ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
    • “( စ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ် များကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြန်ကြားခြင်း၊
    • (ဆ) ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်း များကို စနစ်တကျထိန်းသိမ်းခြင်း၊ နိုင်ငံတော်သမ္မတထံ အစီရင်ခံတင်ပြခြင်း၊”
  • (ဃ) ပုဒ်မခွဲ (ဆ) ၏နောက်တွင် (ဆ-၁) မှ (ဆ-၃) အထိ အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
    • “(ဆ-၁) ပြန်တမ်းဝင်အရာရှိတစ်ဦးဦးအား ဝန်ကြီးဌာနနှင့်ဝန်ထမ်းအဖွဲ့အစည်း တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့လိုသည့် ကိစ္စရပ်များအတွက် ညှိနှိုင်း လာမှုအပေါ် ထိုအရာရှိ၏ လုပ်ငန်းအတွေ့အကြုံသည် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် ဌာန၏ လုပ်ငန်းသဘာဝနှင့် ကိုက်ညီမှု ရှိ၊ မရှိ အပါအဝင် အခြားလိုအပ်သည့် စိစစ်မှုများပြုလုပ်၍ ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြခြင်း၊
    • (ဆ-၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ဝန်ထမ်းဖွဲ့စည်းပုံရေးဆွဲတင်ပြ ခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံ အကြံပြု တင်ပြခြင်း၊
    • (ဆ-၃) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်းရာထူးအုပ်စုများအလိုက် ကျွမ်းကျင်မှု မူဘောင်များနှင့် လုပ်ငန်းတာဝန်သတ်မှတ်ချက်များ ရေးဆွဲ နိုင်ရေး အထောက်အကူပြု ပံ့ပိုးကူညီဆောင်ရွက်ခြင်း၊”
  • ( င ) ပုဒ်မခွဲ (ဇ) နှင့် (ဈ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
    • “( ဇ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့် ပျိုးထောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ စိစစ် ညှိနှိုင်းဆောင်ရွက်ခြင်း၊
    • ( ဈ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့ တာဝန်ယူ အကောင် အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများအား ခန့်အပ်ခြင်းတို့ပြုရာတွင် ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဖွဲ့စည်းခန့်အပ်နိုင်ရန် ဆောင်ရွက်ခြင်း၊”

၅။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေတွင် –

  • (က) ပုဒ်မ ၉ ခြေဆင်းကို အောက်ပါအတိုင်းအစားထိုးရမည် –
    “၉။ ဝန်ထမ်းများအား ခန့်ထားရေးနှင့် ရာထူးအဆင့်တိုးမြှင့်ရေးတို့အတွက် ရွေးချယ် ခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
    ( ခ ) ပုဒ်မခွဲ (ခ) မှ (စ)အထိ တို့ကို အောက်ပါအတိုင်းအစားထိုးရမည် –
  • ( ခ ) အဖွဲ့ကသာ ရွေးချယ်ရန်သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူး အဆင့်ရှိ ဝန်ထမ်းများအား သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်ရန် သတ်မှတ်ခြင်း၊
  • ( ဂ ) အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူး အဆင့်ရှိ ဝန်ထမ်းများကိုရွေးချယ်ရန် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက် စေရန် လွှဲအပ်ခြင်း၊”
  • (ဃ) ပုဒ်မ ၈၊ ပုဒ်မခွဲ(ဇ) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဈ) ပါ ဝန်ထမ်းများ ခန့်အပ်လိုသည့်ကိစ္စများတွင် အဖွဲ့၏ညွှန်ကြားချက် များနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ဆောင်ရွက်စေခြင်း၊
  • ( င ) ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း တစ်ခုခုတွင် မည်သည့်အဆင့် ဝန်ထမ်းကိုမဆို ခန့်အပ်ရန် လိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံတင်ပြခြင်း၊
  • ( စ ) ပြန်တမ်းဝင်အရာရှိ အဆင့်သို့ တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေ များပါ ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ထောက်ခံလာ သော ကိစ္စရပ်များကို စိစစ်ဆောင်ရွက်ခြင်း။”

၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၁၀ တွင် –

  • (က) ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
    “(ဃ) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်းများအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများနှင့်စပ်လျဉ်း၍ ချမှတ်ထားသည့် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးမူဝါဒနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ခြင်း၊”
  • ( ခ ) ပုဒ်မခွဲ (ဃ) ၏ နောက်တွင် ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
    “( င ) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ ရာထူး နေရာများတွင် စွမ်းဆောင်ရည်ရှိသူများကို ထိုက်တန်စွာ ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် ဝန်ထမ်းအဆင့်အလိုက် ထိရောက်စွာ လေ့ကျင့် ပျိုးထောင်ပေးခြင်း။”

၇။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၁၂ နှင့် ၁၃ တို့ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“၁၂။ အဖွဲ့သည် အဖွဲ့၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီ လိုအပ်ပါက ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများထံမှလည်းကောင်း၊ ကျွမ်းကျင်သူပုဂ္ဂိုလ်များထံမှ လည်းကောင်း အကူအညီ တောင်းခံခွင့်ရှိသည်။

၁၃။ အဖွဲ့သည် ဝန်ထမ်းများနှင့်ပတ်သက်သည့် လိုအပ်သော အချက်အလက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများထံမှ တောင်းခံခွင့်ရှိသည်။”

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၇။)
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၂ ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟုခေါ်တွင်စေ ရမည်။

၂။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသော “ရွေးကောက်ပွဲ ဆိုင်ရာပါတီစည်းရုံးရေးလုပ်ငန်း” ဆိုသည့်စကားရပ်ကို “ရွေးကောက်ပွဲဆိုင်ရာစည်းရုံးရေး လုပ်ငန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

 

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေ အမှတ် ၂၄/၂၀၁၀)

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်   ၅  ရက်

(၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ   ၂၈  ရက်)

နိဒါန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက်  ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းရပ် များကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထား သည့်အလျောက် နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများကို ချောမွေ့စွာဆောင်ရွက်နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီး ပေါ်ပေါက်လာသည့်အခါတွင်  ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းရန်လိုအပ်လာပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်နိုင်ရန်အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း()

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

 

၁။ (က)   ဤဥပဒေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ဟု ခေါ်တွင်စေရမည်။

( ခ )    ဤဥပဒေသည်  ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစတင်၍ အာဏာ တည်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက် စေရမည်-

  • (က) ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဆိုသည်။
  • ( ခ ) အဖွဲ့ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဆိုသည်။
  • ( ဂ ) ဥက္ကဋ္ဌ ဆိုသည်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌကို ဆိုသည်။
  • (ဃ) အဖွဲ့ဝင် ဆိုသည်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ကို ဆိုသည်။
  • ( င ) ဝန်ထမ်းအဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ကိုဆိုသည်။
  • ( စ ) ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူးတွင် ခန့်အပ်ခြင်းခံရသူ နိုင်ငံ့ဝန်ထမ်းကိုဆိုသည်။

၃။ ဤဥပဒေသည် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ ပုဒ်မ ၂၉၁ နှင့် ၂၉၂ တို့တွင် ဖော်ပြထားသော နိုင်ငံ့ဝန်ထမ်းများမှအပ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းအားလုံးနှင့် သက်ဆိုင် စေရမည်။

my_MMMY