ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ – ၂၀၁၀ ပြည့်နှစ်


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၁။ (က) အစည်းအဝေးမှတ်တမ်းများကို အဖွဲ့ရုံးက မှတ်တမ်းတင်ထားရမည်။

( ခ ) အစည်းအဝေးမှတ်တမ်းများကို နောက်တစ်ကြိမ် အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက် ရယူရမည်။

( ဂ ) ထုတ်ပြန်ကြေညာခြင်း မပြုသေးသော အဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် အစည်းအဝေး မှတ်တမ်းများသည် နိုင်ငံတော်၏လျှို့ဝှက်ချက်များဖြစ်သည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

အခန်း(၇)
အထွေထွေ

၂၂။ ဤဥပဒေအာဏာမတည်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဤဥပဒေကို အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၃။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေ (၁၉၇၇ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၄ ) အရ ဖွဲ့စည်းထားသော ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့သည် ဤဥပဒေအရ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဖွဲ့စည်းသည့်နေ့အထိ မိမိ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဆက်လက်ဆောင်ရွက် ရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၄။ ဤဥပဒေအာဏာမတည်မီ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သော စည်းမျဉ်း စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ဤဥပဒေတို့နှင့်မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၅။ အဖွဲ့သည် အဖွဲ့၏ရုံးကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အဖွဲ့ရုံးကို ဖွဲ့စည်းထားရှိရမည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၆။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်းမပြုလုပ်သရွေ့ ဤဥပဒေသည် အတည် ဖြစ်သည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၇။ အဖွဲ့သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

  • (က) လိုအပ်သောနည်းဥပဒေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
  • ( ခ ) လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။


Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34

၂၈။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေ (၁၉၇၇ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၄) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

my_MMMY