ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (၁၇.၅.၂၀၁၉)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၄ ။)

၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်
( ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက် )

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (စ) ၏နောက်တွင် ပုဒ်မခွဲ (ဆ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဆ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ဆိုသည်မှာ နိုင်ငံ့ဝန်ထမ်းဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်း ဖြစ်သည်။”

၃။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၃ ကိုအောက်ပါအတိုင်းအစားထိုးရမည်-
“၃။ ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၁ နှင့် ၂၉၂ တို့တွင် ဖော်ပြထားသော နိုင်ငံ့ဝန်ထမ်းများမှအပ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းအားလုံးနှင့် သက်ဆိုင်စေရမည်။”

၄။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၈ တွင် –

  • (က) ပုဒ်မခွဲ (ဃ) ကိုအောက်ပါအတိုင်း အစားထိုးရမည်-
    • “(ဃ) ဝန်ထမ်းရေးရာကိစ္စရပ်များကို သုတေသန ပြုလုပ်ခြင်း၊”
  • ( ခ ) ပုဒ်မခွဲ (ဃ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ-၁) အဖြစ်အောက်ပါအတိုင်း ဖြည့်စွက် ရမည်-
    • “(ဃ-၁) ဝန်ထမ်းများ၏ ဝန်ဆောင်မှုအပေါ်ပြည်သူများ၏ သဘောထားအမြင် များကို စစ်တမ်းကောက်ယူပြီး သုတေသနပြုလုပ်ခြင်း၊”
  • ( ဂ ) ပုဒ်မခွဲ (စ) နှင့်  (ဆ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
    • “( စ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ် များကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြန်ကြားခြင်း၊
    • (ဆ) ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်း များကို စနစ်တကျထိန်းသိမ်းခြင်း၊ နိုင်ငံတော်သမ္မတထံ အစီရင်ခံတင်ပြခြင်း၊”
  • (ဃ) ပုဒ်မခွဲ (ဆ) ၏နောက်တွင် (ဆ-၁) မှ (ဆ-၃) အထိ အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
    • “(ဆ-၁) ပြန်တမ်းဝင်အရာရှိတစ်ဦးဦးအား ဝန်ကြီးဌာနနှင့်ဝန်ထမ်းအဖွဲ့အစည်း တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့လိုသည့် ကိစ္စရပ်များအတွက် ညှိနှိုင်း လာမှုအပေါ် ထိုအရာရှိ၏ လုပ်ငန်းအတွေ့အကြုံသည် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် ဌာန၏ လုပ်ငန်းသဘာဝနှင့် ကိုက်ညီမှု ရှိ၊ မရှိ အပါအဝင် အခြားလိုအပ်သည့် စိစစ်မှုများပြုလုပ်၍ ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြခြင်း၊
    • (ဆ-၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ဝန်ထမ်းဖွဲ့စည်းပုံရေးဆွဲတင်ပြ ခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံ အကြံပြု တင်ပြခြင်း၊
    • (ဆ-၃) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်းရာထူးအုပ်စုများအလိုက် ကျွမ်းကျင်မှု မူဘောင်များနှင့် လုပ်ငန်းတာဝန်သတ်မှတ်ချက်များ ရေးဆွဲ နိုင်ရေး အထောက်အကူပြု ပံ့ပိုးကူညီဆောင်ရွက်ခြင်း၊”
  • ( င ) ပုဒ်မခွဲ (ဇ) နှင့် (ဈ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
    • “( ဇ ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့် ပျိုးထောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ စိစစ် ညှိနှိုင်းဆောင်ရွက်ခြင်း၊
    • ( ဈ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့ တာဝန်ယူ အကောင် အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများအား ခန့်အပ်ခြင်းတို့ပြုရာတွင် ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဖွဲ့စည်းခန့်အပ်နိုင်ရန် ဆောင်ရွက်ခြင်း၊”

၅။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေတွင် –

  • (က) ပုဒ်မ ၉ ခြေဆင်းကို အောက်ပါအတိုင်းအစားထိုးရမည် –
    “၉။ ဝန်ထမ်းများအား ခန့်ထားရေးနှင့် ရာထူးအဆင့်တိုးမြှင့်ရေးတို့အတွက် ရွေးချယ် ခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
    ( ခ ) ပုဒ်မခွဲ (ခ) မှ (စ)အထိ တို့ကို အောက်ပါအတိုင်းအစားထိုးရမည် –
  • ( ခ ) အဖွဲ့ကသာ ရွေးချယ်ရန်သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူး အဆင့်ရှိ ဝန်ထမ်းများအား သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်ရန် သတ်မှတ်ခြင်း၊
  • ( ဂ ) အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူး အဆင့်ရှိ ဝန်ထမ်းများကိုရွေးချယ်ရန် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက် စေရန် လွှဲအပ်ခြင်း၊”
  • (ဃ) ပုဒ်မ ၈၊ ပုဒ်မခွဲ(ဇ) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဈ) ပါ ဝန်ထမ်းများ ခန့်အပ်လိုသည့်ကိစ္စများတွင် အဖွဲ့၏ညွှန်ကြားချက် များနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ဆောင်ရွက်စေခြင်း၊
  • ( င ) ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း တစ်ခုခုတွင် မည်သည့်အဆင့် ဝန်ထမ်းကိုမဆို ခန့်အပ်ရန် လိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံတင်ပြခြင်း၊
  • ( စ ) ပြန်တမ်းဝင်အရာရှိ အဆင့်သို့ တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေ များပါ ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ထောက်ခံလာ သော ကိစ္စရပ်များကို စိစစ်ဆောင်ရွက်ခြင်း။”

၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၁၀ တွင် –

  • (က) ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
    “(ဃ) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်းများအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများနှင့်စပ်လျဉ်း၍ ချမှတ်ထားသည့် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးမူဝါဒနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ခြင်း၊”
  • ( ခ ) ပုဒ်မခွဲ (ဃ) ၏ နောက်တွင် ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
    “( င ) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ ရာထူး နေရာများတွင် စွမ်းဆောင်ရည်ရှိသူများကို ထိုက်တန်စွာ ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် ဝန်ထမ်းအဆင့်အလိုက် ထိရောက်စွာ လေ့ကျင့် ပျိုးထောင်ပေးခြင်း။”

၇။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၁၂ နှင့် ၁၃ တို့ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“၁၂။ အဖွဲ့သည် အဖွဲ့၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီ လိုအပ်ပါက ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများထံမှလည်းကောင်း၊ ကျွမ်းကျင်သူပုဂ္ဂိုလ်များထံမှ လည်းကောင်း အကူအညီ တောင်းခံခွင့်ရှိသည်။

၁၃။ အဖွဲ့သည် ဝန်ထမ်းများနှင့်ပတ်သက်သည့် လိုအပ်သော အချက်အလက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများထံမှ တောင်းခံခွင့်ရှိသည်။”

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

my_MMMY