ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (၉.၆.၂၀၁၇)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၃၅ / ၂၀၁၇

၁၃၇၉ ခုနှစ်၊ နယုန်လဆန်း ၁၅ ရက်
(၂၀၁၇ ခုနှစ်၊ ဇွန်လ ၉ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါ နည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

၁။ ဤနည်းဥပဒေများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂ ကို အောက်ပါအတိုင်း အစားထိုးရမည် –
ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းမှ ကျခံထုတ်ပေးသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသော ဝန်ထမ်းများနှင့်သက်ဆိုင် သည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း ယင်းတို့၏လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤနည်းဥပဒေများပါ ကိစ္စရပ်များနှင့် အကျုံးဝင်ခြင်းမရှိစေရ။”

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃ တွင် –

  • (က) နည်းဥပဒေခွဲ (ခ) ကို ပယ်ဖျက်ရမည်။
  • ( ခ ) နည်းဥပဒေခွဲ(ဃ) ကို အောက်ပါအတိုင်းအစားထိုးရမည် –
    “ (ဃ) အစမ်းခန့်ခြင်းဆိုသည်မှာ ဖွဲ့စည်းပုံပါ ဝန်ထမ်းအမျိုးအစားတစ်မျိုး၏ စတင်ခန့် ရာထူးတွင် ပုဂ္ဂိုလ်တစ်ဦးအား အတည်ပြုခန့်ထားခြင်းမပြုမီ ထိုဝန်ထမ်း အမျိုးအစား၏ လုပ်ငန်းသဘာဝအရ တတ်မြောက်ကျွမ်းကျင်စေရန်အတွက် ရှေးဦးစွာလေ့ကျင့်ပေးရန် လိုအပ်သောကြောင့် သီးခြားစည်းကမ်းချက်များ သတ်မှတ်လျက် အစမ်းခန့်ကာလထားရှိပြီး ခန့်ထားခြင်းကိုဆိုသည်။”

၄။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ်(၁) နှင့် နည်းဥပဒေ ၂၁၇ တို့တွင်ပါရှိသော “အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန” ဆိုသည့်စကားရပ်ကို “အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၊ နည်းဥပဒေခွဲ(ခ)နှင့် နည်းဥပဒေ ၂၂၊ နည်းဥပဒေခွဲ (က) တို့တွင်ပါရှိသော “နည်းဥပဒေ ၂၀၊ နည်းဥပဒေခွဲ (ဃ)” ဆိုသည့် စကားရပ်ကို “နည်းဥပဒေ ၂၀၊ နည်းဥပဒေခွဲ(င)” ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၆။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၇၊ နည်းဥပဒေခွဲ (က)တွင်ပါရှိသော “ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး” ဆိုသည့်စကားရပ်နှင့် နည်းဥပဒေ ၁၈၊ နည်းဥပဒေ ၂၈၊ နည်း ဥပဒေခွဲ (စ)၊ နည်းဥပဒေ ၆၂ ၊ နည်းဥပဒေခွဲ (ခ) နှင့် (ဂ)၊ နည်းဥပဒေ ၆၃ နှင့် နည်းဥပဒေ ၁၅၉ တို့တွင်ပါရှိသော “ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး” ဆိုသည့်စကားရပ်များကို “ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း ၊ နည်းဥပဒေ၂၁၀၊ နည်းဥပဒေခွဲ (ဇ)၊ နည်းဥပဒေခွဲငယ် (၂) တွင်ပါရှိသော “ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး” ဆိုသည့်စကားရပ်ကို“ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ နည်းဥပဒေ ၂၂၂၊ နည်းဥပဒေခွဲ (ခ)တွင် ပါရှိသော “ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးများ” ဆိုသည့်စကားရပ်ကို “ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

၇။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅ တွင် –

  • (က) နည်းဥပဒေခွဲ (ခ) ကို အောက်ပါအတိုင်းအစားထိုးရမည် –
    “ ( ခ ) ရာထူးအဆင့်၏ လုပ်ငန်းသဘာဝအလိုက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း သို့မဟုတ် ရေးဖြေစာမေးပွဲနှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုနှစ်ရပ်လုံးဖြင့် စစ်ဆေးခြင်း တို့ကို ပြုလုပ်၍ လူတွေ့စစ်ဆေးပြီး အရည်အချင်းအကဲဖြတ်အမှတ်ပေးခြင်း တို့ကို ပြုလုပ်ရမည်။”
  • ( ခ ) နည်းဥပဒေခွဲ (စ) ကို အောက်ပါအတိုင်းအစားထိုးရမည် –
    “ ( စ ) အကဲဖြတ်မှတ်တမ်းရေးရာတွင် ပုံစံ (၁၆) ပါအတိုင်း ဝန်ထမ်းအား အနီးကပ် တာဝန်ယူကြီးကြပ်ကွပ်ကဲသည့် အရာထမ်းက ကနဦးမှတ်တမ်းရေး၍ အထက် အဆင့်အလိုက် တာဝန်ယူကြီးကြပ်သည့် အရာထမ်းများက ထပ်ဆင့်မှတ်တမ်း ရေးပြီး ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ တာဝန်လွှဲအပ်ခြင်းခံရသူက အပြီးသတ်ထပ်ဆင့်ရေး၍ အတည်ပြုလက်မှတ်ရေးထိုးရမည်။”
  • ( ဂ ) နည်းဥပဒေခွဲ (ဇ)၊ နည်းဥပဒေခွဲငယ် (၃) ကို အောက်ပါအတိုင်းအစားထိုးရမည် –
    “ ( ဇ ) အကဲဖြတ်အမှတ်ပေးရာတွင် –
    (၃) သာမန်အောက်နှင့် ထူးချွန်အဆင့်များအတွက် ပုံစံ(၁၆)ပါ အကဲဖြတ် မှတ်တမ်းတွင် အကျိုးအကြောင်းကို အကျဉ်းချုပ်ဖော်ပြရမည်။”

၈။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၇၊ နည်းဥပဒေခွဲ (င) တွင်ပါရှိသော “ ပြည်ထောင်စု အစိုးရအဖွဲ့၏” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။

၉။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၉ တွင်ပါရှိသော“တန်းစီဇယားရေးဆွဲရမည်။” ဆိုသည့်စကားရပ်ကို “တန်းစီဇယားကို ပုံစံ (၁၇)ပါအတိုင်းရေးဆွဲရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၀။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၀ တွင်ပါရှိသော “တန်းစီဇယားရေးဆွဲ ရမည်။” ဆိုသည့် စကားရပ်ကို “တန်းစီဇယားကို ပုံစံ (၁၈ )ပါအတိုင်းရေးဆွဲရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

my_MMMY