ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (၉.၆.၂၀၁၇)

၁၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၁ တွင်ပါရှိသော “စစ်ဆေးမှုခံရသည့်ဝန်ထမ်း များ” ဆိုသည့် စကားရပ်ရှေ့တွင် “စုံစမ်း” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။

၁၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၄ တွင်ပါရှိသော “တန်းစီဇယားသက်တမ်းကုန်မှ ပြစ်ဒဏ်လွတ်မြောက်ပါက အရည်အချင်းစစ်ဆေးခြင်းကို ထပ်မံဖြေဆိုစေရမည်။” ဆိုသည့်စကားရပ်ကို “တန်းစီဇယားသက်တမ်းကုန်ချိန်တွင် ပြစ်ဒဏ်မလွတ်မြောက်သေးပါက အရည်အချင်းစစ်ဆေးခြင်းကို ထပ်မံဖြေဆိုရမည်။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၆ တွင် –

  • (က) နည်းဥပဒေခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “( ခ )ကိုယ်ရေးမှတ်တမ်း၊ လုပ်သက်ရမှတ်နှင့် အကဲဖြတ်ရမှတ်တို့ဖြင့် ပုံစံ(၁၈) ပါ အတိုင်း တန်းစီဇယားရေးဆွဲပြီး စိစစ်ရွေးချယ်ရမည်။”
  • ( ခ ) နည်းဥပဒေခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “ ( ဂ ) ချိန်နှုန်းလစာ (၁၆၀၀၀ဝိ-၂၀၀ဝိ-၁၇၀၀၀ဝိ) အဆင့်မှ (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ) အဆင့်သို့ ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်ခြင်းကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း၏ ချိန်နှုန်းလစာ (၂၀၀၀၀ဝိ- ၂၀၀ဝိ-၂၁၀၀၀ဝိ) အဆင့် အရာရှိက ပုံစံ(၁၉)ပါအတိုင်း ကနဦးမှတ်တမ်းရေး၍ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေးပြီး ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီး အမှူးက အပြီးသတ်မှတ်တမ်းရေး၍ အတည်ပြုလက်မှတ်ရေးထိုးရမည်။”
  • ( ဂ ) နည်းဥပဒေခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “ (ဃ) ဖွဲ့စည်းပုံအရ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းတွင် ချိန်နှုန်းလစာ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ)အဆင့် အရာရှိမရှိပါက စီမံခန့်ခွဲရေးဌာနကို တာဝန်ယူရသော ချိန်နှုန်းလစာ(၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်အရာရှိက ဦးဆောင်၍ အခြားရာထူး အဆင့်တူ အရာရှိများ ပါဝင်သော အဖွဲ့က ပုံစံ (၁၉)ပါအတိုင်း ကနဦးအကဲဖြတ် မှတ်တမ်းရေးပြီး ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေး ရမည်။”
  • (ဃ) နည်းဥပဒေခွဲ (င) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “ (င) ချိန်နှုန်းလစာ(၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ)အဆင့်မှ(၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်ထိ ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်ခြင်းကို ပုံစံ(၁၉)ပါအတိုင်း ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ကနဦးမှတ်တမ်းရေး၍ ယင်း၏အထက် အဆင့် အကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေးပြီး ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီးအမှူးက အပြီးသတ်မှတ်တမ်းရေး၍ အတည်ပြုလက်မှတ်ရေးထိုးရမည်။”

၁၄။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၇၊ နည်းဥပဒေခွဲ(စ)၊ နည်းဥပဒေခွဲငယ် (၃) တွင်ပါရှိသော “ အကဲဖြတ်မှတ်တမ်းတွင်” ဆိုသည့်စကားရပ်ရှေ့တွင် “ ပုံစံ(၁၉) ပါ” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၁၅။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၈ တွင်ပါရှိသော “ ထူးခြားသောအခြေအနေ များကြောင့် ချီးမြှင့်လိုပါက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် သင့်လျော်သလို မိမိအခွင့်အာဏာဖြင့် ရာထူးတိုးမြှင့်ပေးနိုင်သည်။” ဆိုသည့် စကားရပ်ကို “ထူးခြားသောအခြေအနေ များကြောင့် ချီးမြှင့်လိုပါက အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံတင်ပြမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏ သဘော တူညီချက်ဖြင့် ရာထူးတိုးမြှင့်ပေးနိုင်သည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၆။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၀ ကို အောက်ပါအတိုင်း အစားထိုးရမည် –
“ ၈၀။ ပြက္ခဒိန်နှစ် တစ်နှစ်ကုန်ဆုံးချိန်တွင် ဝန်ထမ်းတစ်ဦး၏ ခွင့်စာရင်း၌ ကျန်ရှိသော လုပ်သက်ခွင့်များကို ဆက်လက်စုဆောင်းခွင့်ရှိသည်။ သို့ရာတွင် စုဆောင်းနိုင်သည့် ခွင့်ရက်သည် နှစ်လထက် မပိုစေရ။”

၁၇။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁ ကို အောက်ပါအတိုင်း အစားထိုးရမည် –

  • “ ၁၀၁။ (က) အမျိုးသမီးဝန်ထမ်းများသည် မီးဖွားခွင့်ကို စတင်ခံစားသည့် နေ့ရက်မှစ၍ ခြောက်လအထိ ခံစားခွင့်ရှိသည်။
  • ( ခ ) မီးဖွားခွင့်ကို ခွင့်ပြုရာတွင် –
    • (၁) အခြားခွင့်များနှင့် ဆက်စပ်၍ ခွင့်မပြုရ။
    • (၂) ဆေးလက်မှတ်အထောက်အထားဖြင့် တောင်းခံပါက အခြားခွင့်များကို မီးဖွားခွင့်၏ နောက်မှဆက်၍ ခွင့်ပြုနိုင်သည်။
    • (၃) ကိုယ်ဝန်ဆောင်နေသည့်ကာလအတွင်းသန္ဓေပျက်ကျသည့်အ‌ခြေအနေ မျိုးတွင် ဆေးလက်မှတ်အထောက်အထားဖြင့် ခြောက်ပတ်ထက်မပို သည့် မီးဖွားခွင့်ကို ခွင့်ပြုရမည်။
    • (၄) သန္ဓေပျက်ရန် စိုးရိမ်ဖွယ်ရာရှိသောအ‌ခြေအနေမျိုးအတွက် မီးဖွားခွင့် မပေးရ။ အခြားသင့်လျော်ရာခွင့်သာ ခွင့်ပြုရမည်။
    • (၅) ကိုယ်ဝန်အဆိပ်တက်ခြင်းတွင် မီးဖွားခွင့်ကို မထိခိုက်စေဘဲ ဆေး လက်မှတ်ဖြင့် ခြောက်ပတ်ထက်မပိုသော သင့်လျော်သည့် ခွင့်ပေးရ မည်။
    • (၆) အမွှာပူး သို့မဟုတ် ယင်းထက်ပို၍ မွေးဖွားပါက သာမန်မီးဖွားခွင့် ကုန်ဆုံးရက်၏ နောက်ရက်မှစပြီး ကလေးများ ပြုစုစောင့်ရှောက် နိုင်ရန် ရက်သတ္တပတ် ခြောက်ပတ်တိုး၍ မီးဖွားခွင့်အဖြစ် ခွင့်ပြု ရမည်။
  • ( ဂ ) မီးဖွားသော အမျိုးသမီး၏ ခင်ပွန်းသည် ဝန်ထမ်းဖြစ်လျှင် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခွင့်ရရှိရေးအတွက် ခင်ပွန်းဖြစ်သူကို ရက်သတ္တပတ် နှစ်ပတ် ခွင့်ပြုရမည်။ ယင်းရက်သတ္တပတ် နှစ်ပတ်ကို တာဝန်ချိန်အဖြစ် သတ်မှတ်ပြီး လစာနှုန်းပြည့် ခံစားခွင့်ပြုရမည်။”

၁၈။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၂ ကို အောက်ပါအတိုင်းအစားထိုးရမည်-

  • “ ၁၅၂။ (က) ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်သော အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့်ဖြစ်စေ၊ ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသများကို သတ်မှတ်ခြင်း၊ အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်ခြင်းပြုနိုင်သည်။
  • ( ခ ) နည်းဥပဒေခွဲ(က)အရ သတ်မှတ်သော ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသ တွင် တာဝန်ထမ်းဆောင်ရသော ဝန်ထမ်းသည် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက အခါအားလျော်စွာသတ်မှတ်သည့် ဒေသစရိတ်ကို သတ်မှတ် နှုန်းထားများအတိုင်း ခံစားခွင့်ရှိသည်။”

၁၉။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် –

  • (က) နည်းဥပဒေ ၁၅၃ ၏ခြေဆင်းကို ပယ်ဖျက်ရမည်။
  • ( ခ ) နည်းဥပဒေ ၁၅၃၊ နည်းဥပဒေခွဲ (က) ကိုအောက်ပါအတိုင်းအစားထိုးရမည်-
    “(က) ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသတွင် သွားရောက်နေထိုင်ပြီး အောက်ပါ သတ်မှတ်ချက်တစ်ရပ်ရပ်တွင်အကျုံးဝင်မှသာ ဒေသစရိတ်ခံစားခွင့်ရှိသည်‌-

    • (၁) သက်ဆိုင်ရာဌာနက ပြောင်းရွှေ့တာဝန်ချထားခြင်း၊
    • (၂) စီမံကိန်း၊ လုပ်ငန်းသုတေသနပြုလုပ်ခြင်း၊ စစ်တမ်းကောက်ယူ ခြင်း သို့မဟုတ် အလားတူလုပ်ငန်းများ ဆောင်ရွက်ရန် အနည်းဆုံး လေးလထက် ကျော်လွန်သောကာလသတ်မှတ်ချက်ဖြင့် တာဝန်ချ ထားခြင်း၊ တွဲဖက်တာဝန်ချထားခြင်း သို့မဟုတ် တာဝန်ဖြင့် သွားရောက်အမှုထမ်းရခြင်း၊
    • (၃) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အခါအားလျော်စွာ ပြင်ဆင် သတ်မှတ်သော ဒေသစရိတ်ခံစားခွင့်ဆိုင်ရာ သတ်မှတ်ချက်များ နှင့်ညီညွတ်ခြင်း။”
  • (ဂ) နည်းဥပဒေ ၁၅၃၊ နည်းဥပဒေခွဲ(ဃ) ကိုအောက်ပါအတိုင်းအစားထိုးရမည်-
    “ (ဃ) ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသမှ ဒေသစရိတ်ခံစားခွင့်မရှိသည့် ဒေသ တွင် နိုင်ငံတော်ကကျင်းပသည့် နေ့ကြီးရက်ကြီးအခမ်းအနားတက်ရောက် ရန်ဖြစ်စေ၊ တာဝန်ဖြင့်ဖြစ်စေ၊ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ဌာနဆိုင်ရာသင်တန်းများ တက်ရောက်ရန်ဖြစ်စေ၊ ဌာနအလိုက်ပြုလုပ် သောပြပွဲ၊ ပြိုင်ပွဲများနှင့်နိုင်ငံတော်က ကြီးမှူးပြုလုပ်သည့် ပြပွဲပြိုင်ပွဲ များတွင် လေ့ကျင့်ယှဉ်ပြိုင်ရန်ဖြစ်စေ၊ တာဝန်ဖြင့် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပသို့သွားရောက်ရာတွင် သက်ဆိုင်ရာနိုင်ငံ/အဖွဲ့အစည်းက နေထိုင် စားသောက်စရိတ်ကျခံခြင်းမရှိသည့် ကိစ္စရပ်များအတွက်ဖြစ်စေ ဒေသ စရိတ်ခံစားခွင့်ရှိသည်။ သို့ရာတွင် ပြည်ပသို့သွားရောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံ/ အဖွဲ့အစည်းက နေထိုင်စားသောက်စရိတ်ကျခံသည့် ကိစ္စရပ်များ၌ လေးလထက်မပိုသော ကာလအတွက်သာ ဒေသစရိတ် ခံစားခွင့်ရှိသည်။”

၂၀။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ(ခ) တွင်ပါရှိသော “ဝန်ထမ်း၌ အပြစ်ရှိကြောင်း” ဆိုသည့် စကားရပ်ရှေ့တွင် “ ခိုင်လုံသောအထောက်အထားများအရ” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

my_MMMY