ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ

အခန်း(၈)
အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း

၁၃။ နိုင်ငံ့ဝန်ထမ်းများသည်-

  • (က) ဝန်ထမ်းရေးရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးအဆင့်အတန်း၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံခြင်းမပြုရ။
  • ( ခ ) ဌာန၊ ဒေသ၊ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများနှင့်အညီ လိုက်လျောညီထွေ အပြန်အလှန် လေးစားစွာ ဆက်ဆံဆောင်ရွက်ရမည်။
  • ( ဂ ) လုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသော ပြည်တွင်း၊ ပြည်ပအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါက ချမှတ်ထားသော မူဝါဒများနှင့်အညီ ဆောင်ရွက်ရမည်။
  • (ဃ) မိမိအားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အချင်းချင်း ရိုင်းပင်းကူညီ၍ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရမည်။

အခန်း()

ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်း

 

၁၄။       နိုင်ငံ့ဝန်ထမ်းများသည်-

  • (က) အဂတိတရားကင်းရှင်းစွာ အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးရမည်။
  • ( ခ )  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့်ဒေသန္တရဆိုင်ရာအမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရမည်။
  • ( ဂ ) ဘက်လိုက်မှုကင်းရှင်းရမည့်အပြင် အများပြည်သူ အထင်အမြင်လွဲမှားစေနိုင်သည့် အပြုအမူ၊ အပြောအဆိုတို့ကိုလည်း ရှောင်ကြဉ်ရမည်။
  • (ဃ) ပြည်သူများကို လေးစားမှု၊ စာနာမှုနှင့် တရားမျှတမှုတို့ဖြင့် ဆက်ဆံရမည်။
  • ( င )  ဆုံးဖြတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်မျှတစွာ ချမှတ်ရမည်။
  • ( စ )  နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။

အခန်း(၁၀)

ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း

 

၁၅။       နိုင်ငံ့ဝန်ထမ်းများသည်-

  • (က) နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် သက်ဆိုင်ရာတည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ပွင့်လင်းမြင်သာမှုဖြင့် မှန်ကန်စွာ ဆောင်ရွက်ရမည်။
  • ( ခ )  လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် မိမိ၏လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ် ချက်များအတွက် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရမည်။
  • ( ဂ ) ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စိစစ်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။
  • (ဃ)  တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေမှုတို့ဖြင့် ဆောင်ရွက် ရမည်။

အခန်း(၁၁)

အထွေထွေ

 ၁၆။       ကျင့်ဝတ်ဆိုင်ရာပြဿနာများ ပေါ်ပေါက်လာပါက အနီးကပ်ကြီးကြပ်သူအရာရှိက ပြဿနာရင်းမြစ်ကို စုံစမ်း၍ ဖြေရှင်းခြင်း၊ ဆုံးဖြတ်ခြင်း သို့မဟုတ် ကျိုးကြောင်း ဆီလျော်သော သုံးသပ်အကြံပြုချက်တို့ဖြင့် အထက်အဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်တင်ပြရမည်။

၁၇။       အထက်အရာရှိ အကြီးအမှူးများကလည်း မိမိလက်အောက်ဝန်ထမ်းများမှ တင်ပြလာသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်းတို့ဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ မှန်ကန် မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်ရမည်။

နိဂုံး

၁၈။       ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်များကို သိရှိလိုက်နာစောင့်ထိန်း ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည် အားထားမှု ပိုမိုရရှိစေမည့်အပြင် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝ သာယာဝပြောရေးတို့ကို ထိရောက်အောင်မြင်စွာ ဖော်ဆောင်နိုင်စေမည်ဖြစ်ပါသည်။

၁၉။       သို့ဖြစ်ပါ၍ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များသည် ကျင့်ဝတ် သိက္ခာနှင့်ပြည့်စုံသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ပေါ်လာစေရေး၊ စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်ပေါ်လာစေရေး၊ ပိုမိုကောင်းမွန်သည့် လူမှုအဖွဲ့အစည်းဖြစ်ပေါ်လာ စေရေးတို့အတွက် အထောက်အကူပြုစေမည့် စံတန်ဖိုးများဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါသည်။

my_MMMY