အခန်း(၈)
အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း
၁၃။ နိုင်ငံ့ဝန်ထမ်းများသည်-
- (က) ဝန်ထမ်းရေးရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးအဆင့်အတန်း၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံခြင်းမပြုရ။
- ( ခ ) ဌာန၊ ဒေသ၊ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများနှင့်အညီ လိုက်လျောညီထွေ အပြန်အလှန် လေးစားစွာ ဆက်ဆံဆောင်ရွက်ရမည်။
- ( ဂ ) လုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသော ပြည်တွင်း၊ ပြည်ပအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါက ချမှတ်ထားသော မူဝါဒများနှင့်အညီ ဆောင်ရွက်ရမည်။
- (ဃ) မိမိအားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အချင်းချင်း ရိုင်းပင်းကူညီ၍ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရမည်။