ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၅) ပင်စင်

၅၇။  မိသားစုပင်စင်အကျိုးခံစားခွင့်ရှိသူသည် ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ခဲ့လျှင် ဝန်ထမ်းသည် အငြိမ်းစား မယူမီကွယ်လွန်ပါက ကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ၊ အငြိမ်းစား ယူပြီးနောက်ကွယ်လွန်ပါက အငြိမ်းစားယူခဲ့သည့်နေ့၏ နောက်နေ့ရက်မှ စ၍ ၁၅ နှစ်အထိ အငြိမ်းစားယူလျှင်ရရှိမည့် ပင်စင်လစာ၏  ၁/၂ ကိုမိသားစုပင်စင်အဖြစ် ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၅၀ (က) (၄)၊ (ခ) (၃)

အထူးပင်စင်ခွင့်ပြုခြင်း

၅၈။ ချိန်နှုန်းလစာဖြင့်ဖြစ်စေ၊ ပုံသေလစာဖြင့်ဖြစ်စေ၊ လုပ်ငန်း အတိုင်းအတာနှုန်းဖြင့်ဖြစ်စေ ခန့်ထား၍ နိုင်ငံတော်ဘဏ္ဍာငွေ၊ ရသုံးမှန်း ခြေငွေစာရင်းအနက်မှ အသုံးစရိတ်ကျခံသည့် ဝန်ထမ်းများနှင့်သာ သက်ဆိုင်သည်။ အလုပ်သမားလျော်ကြေးဥပဒေနှင့်အကျုံးဝင်သည့် ဝန်ထမ်းများနှင့်သက်ဆိုင်ခြင်းမရှိစေရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၃

၅၉။  အထူးပင်စင်ခံစားခွင့်ပြုခြင်းကို ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီး အမှူး သို့မဟုတ် ခွင့်ပြုပိုင်ခွင့်လွှဲအပ်ထားသည့်အဖွဲ့ကသာ ခွင့်ပြုနိုင် သည်။  အထူးပင်စင်ခွင့်ပြုရေးတွင် ဝန်ထမ်းဘက်မှ တာဝန်ပျက်ကွက်မှု သို့မဟုတ် ပေါ့ဆမှု၏အတိုင်းအတာကို ထည့်သွင်းစဉ်းစားရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၅

၆၀။ အထူးပင်စင်သည် အခြားနည်းဥပဒေများအရ ဝန်ထမ်း သို့မဟုတ် ဝန်ထမ်း၏မိသားစုခံစားခွင့်ရှိသော ပင်စင် သို့မဟုတ် လုပ်သက်ဆုငွေကို ထိခိုက်ခြင်းမရှိစေရ။  ထို့အပြင်အထူးပင်စင်ခံစားခွင့် ရရှိသည့် ဝန်ထမ်းကို  ဆက်လက်တာဝန်ထမ်းဆောင်စေသည့်အခါ၌ဖြစ်စေ၊ ဝန်ထမ်းအဖြစ် ပြန်လည်ခန့်ထားသည့်အခါ၌ဖြစ်စေ လစာသတ်မှတ်ရာတွင် အထူးပင်စင်ကို ထည့်သွင်းစဉ်းစားခြင်းမပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၇

ဒဏ်ရာအနာတရဖြစ်ခြင်းအတွက် အထူးပင်စင်ခံစားခွင့်

၆၁။ ဝန်ထမ်းတစ်ဦးသည် တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ တာဝန် ထမ်းဆောင်ခြင်းကို အကြောင်းပြု၍ဖြစ်စေ၊ ရာထူးတာဝန်ကို အကြောင်း ပြု၍ဖြစ်စေ အောက်ပါအခြေအနေများဖြစ်ပေါ်လျှင် အထူးပင်စင် ခံစားခွင့်ရှိသည် –

  • (က) တစ်စုံတစ်ယောက်က ဒဏ်ရာအနာတရဖြစ်စေခြင်း။
  • ( ခ ) မတော်တဆမှုကြောင့် ဒဏ်ရာရခြင်း။
  • ( ဂ ) ရောဂါရခြင်း။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၄(က)၊ (ခ)၊ (ဂ)

၆၂။ ဝန်ထမ်းသည် ခံစားရသည့် ဒဏ်ရာအနာတရဖြစ်မှုအဆင့် အလိုက် ဒဏ်ရာဆုငွေနှင့်ပင်စင်ကို ပင်စင်ဦးစီးဌာနက သတ်မှတ်ထား သည့် နှုန်းထားများအတိုင်း ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၆၀ (က)၊ နည်းဥပဒေ ၂၆၁ (က)၊ ၂၆၂ (က)၊ (ခ)

မိသားစုအထူးပင်စင်ခံစားခွင့်

၆၃။    ဝန်ထမ်းသည် လုပ်ငန်း၏အထူးဘေးအန္တရာယ်ကြောင့် သို့မဟုတ် လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် သူတစ်ပါး၏ပယောဂဖြင့် သေဆုံး သည့်ကိစ္စ သို့မဟုတ် အနာတရဖြစ်ပြီး ယင်းအနာတရဖြစ်မှုကြောင့် သေဆုံးရသည့်ကိစ္စတွင် ဆုငွေနှင့် ပင်စင်ကို ပင်စင်ဦးစီးဌာနမှ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၆၅ (က)၊ (ခ)

၆၄။   မိသားစုအထူးပင်စင်၊ ဆုငွေတို့ကိုခံစားခွင့်ရှိသည့် ကွယ်လွန်သူ ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းသည် မိသားစုပင်စင်ကို ခံစားခွင့်ရှိပါက ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသာ ရွေးချယ်ခံစားခွင့်ရှိသည်။ မိသားစု ပင်စင်ကို ရွေးချယ်ခံစားခြင်းကြောင့် ကွယ်လွန်သူဝန်ထမ်း၏ သားသမီး များ၏ ခံစားခွင့်ကို မထိခိုက်စေရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၆၇

အငြိမ်းစားဝန်ထမ်းအားအကာအကွယ်ပေးခြင်း

၆၅။  (က) ဝန်ထမ်းခံစားခွင့်ရှိသည့်ပင်စင်လစာကို ခွင့်ပြုပြီး နောက်မှ ယင်းဝန်ထမ်း၏ လုပ်သက်သည် ကျေနပ်ဖွယ်မရှိဟူသော အကြောင်းပြချက်ဖြင့် ခွင့်ပြုပြီးဖြစ်သည့် ပင်စင်လစာကို လျှော့ခွင့်မရှိ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(ခ)

( ခ )   အငြိမ်းစားတစ်ဦးကို ဝန်ထမ်းများအတွက် ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ အရေးယူအပြစ်ပေး၍မရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(ဂ)

( ဂ ) အငြိမ်းစားတစ်ဦးအတွက်ခွင့်ပြုပြီးဖြစ်သည့် ပင်စင် လစာကို အငြိမ်းစားမယူမီက ကျူးလွန်ခဲ့သော ပြစ်မှု တစ်ရပ်ရပ်ကို အကြောင်းပြု၍ ရပ်ဆိုင်းထားခြင်းကိုဖြစ်စေ၊ လျှော့ခြင်းကိုဖြစ်စေမပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(ဃ)

(ဃ) အငြိမ်းစားတစ်ဦး၌တင်ရှိသည့် ကြွေးမြီများအတွက် ပင်စင်လစာကို တရားရုံး၏ အမိန့်ဒီဂရီအရ သိမ်းဆည်း ခြင်း သို့မဟုတ် ဝရမ်းကပ်ခြင်းမပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(င)

အငြိမ်းစားဝန်ထမ်း၏ပင်စင်လစာလျှော့ချခြင်း

၆၆။ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူသည့်အခါ ပုံမှန်အားဖြင့် ဆုငွေနှင့် ပင်စင်လစာကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။ အကယ်၍ အငြိမ်းစားယူသည့် ဝန်ထမ်း၏လုပ်သက်သည် ကျေနပ်ဖွယ်မရှိကြောင်း ခိုင်လုံသည့် အထောက်အထားများရှိပါက ဝန်ထမ်းကို အငြိမ်းစားယူခွင့် ပြုနိုင်သူသည် ပင်စင်ခွင့်မပြုမီ  ယင်းဝန်ထမ်းခံစားခွင့်ရှိသော  ပင်စင် အနက်မှ သင့်လျော်မည်ဟုယူဆသည့် ငွေအတိုင်းအတာကို လျှော့၍ ခွင့်ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(က)

my_MMMY