ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းကျင့်ဝတ် ၂၀၁၇

၆၂။ ဝန်ထမ်းသည် ခံစားရသည့် ဒဏ်ရာအနာတရဖြစ်မှုအဆင့် အလိုက် ဒဏ်ရာဆုငွေနှင့်ပင်စင်ကို ပင်စင်ဦးစီးဌာနက သတ်မှတ်ထား သည့် နှုန်းထားများအတိုင်း ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၆၀ (က)၊ နည်းဥပဒေ ၂၆၁ (က)၊ ၂၆၂ (က)၊ (ခ)

မိသားစုအထူးပင်စင်ခံစားခွင့်

၆၃။    ဝန်ထမ်းသည် လုပ်ငန်း၏အထူးဘေးအန္တရာယ်ကြောင့် သို့မဟုတ် လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် သူတစ်ပါး၏ပယောဂဖြင့် သေဆုံး သည့်ကိစ္စ သို့မဟုတ် အနာတရဖြစ်ပြီး ယင်းအနာတရဖြစ်မှုကြောင့် သေဆုံးရသည့်ကိစ္စတွင် ဆုငွေနှင့် ပင်စင်ကို ပင်စင်ဦးစီးဌာနမှ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၆၅ (က)၊ (ခ)

၆၄။   မိသားစုအထူးပင်စင်၊ ဆုငွေတို့ကိုခံစားခွင့်ရှိသည့် ကွယ်လွန်သူ ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းသည် မိသားစုပင်စင်ကို ခံစားခွင့်ရှိပါက ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသာ ရွေးချယ်ခံစားခွင့်ရှိသည်။ မိသားစု ပင်စင်ကို ရွေးချယ်ခံစားခြင်းကြောင့် ကွယ်လွန်သူဝန်ထမ်း၏ သားသမီး များ၏ ခံစားခွင့်ကို မထိခိုက်စေရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၆၇

အငြိမ်းစားဝန်ထမ်းအားအကာအကွယ်ပေးခြင်း

၆၅။  (က) ဝန်ထမ်းခံစားခွင့်ရှိသည့်ပင်စင်လစာကို ခွင့်ပြုပြီး နောက်မှ ယင်းဝန်ထမ်း၏ လုပ်သက်သည် ကျေနပ်ဖွယ်မရှိဟူသော အကြောင်းပြချက်ဖြင့် ခွင့်ပြုပြီးဖြစ်သည့် ပင်စင်လစာကို လျှော့ခွင့်မရှိ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(ခ)

( ခ )   အငြိမ်းစားတစ်ဦးကို ဝန်ထမ်းများအတွက် ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ အရေးယူအပြစ်ပေး၍မရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(ဂ)

( ဂ ) အငြိမ်းစားတစ်ဦးအတွက်ခွင့်ပြုပြီးဖြစ်သည့် ပင်စင် လစာကို အငြိမ်းစားမယူမီက ကျူးလွန်ခဲ့သော ပြစ်မှု တစ်ရပ်ရပ်ကို အကြောင်းပြု၍ ရပ်ဆိုင်းထားခြင်းကိုဖြစ်စေ၊ လျှော့ခြင်းကိုဖြစ်စေမပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(ဃ)

(ဃ) အငြိမ်းစားတစ်ဦး၌တင်ရှိသည့် ကြွေးမြီများအတွက် ပင်စင်လစာကို တရားရုံး၏ အမိန့်ဒီဂရီအရ သိမ်းဆည်း ခြင်း သို့မဟုတ် ဝရမ်းကပ်ခြင်းမပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(င)

အငြိမ်းစားဝန်ထမ်း၏ပင်စင်လစာလျှော့ချခြင်း

၆၆။ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူသည့်အခါ ပုံမှန်အားဖြင့် ဆုငွေနှင့် ပင်စင်လစာကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။ အကယ်၍ အငြိမ်းစားယူသည့် ဝန်ထမ်း၏လုပ်သက်သည် ကျေနပ်ဖွယ်မရှိကြောင်း ခိုင်လုံသည့် အထောက်အထားများရှိပါက ဝန်ထမ်းကို အငြိမ်းစားယူခွင့် ပြုနိုင်သူသည် ပင်စင်ခွင့်မပြုမီ  ယင်းဝန်ထမ်းခံစားခွင့်ရှိသော  ပင်စင် အနက်မှ သင့်လျော်မည်ဟုယူဆသည့် ငွေအတိုင်းအတာကို လျှော့၍ ခွင့်ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(က)

ပင်စင်လစာ ရပ်ဆိုင်းခြင်း၊ ရုပ်သိမ်းခြင်း

၆၇။ (က)  ပင်စင်စားသည် ထောင်ဒဏ်ကျခံရပါက ပင်စင်ခံစားခွင့်ကို ရပ်ဆိုင်းထားရမည်။ ပြစ်ဒဏ်ကျခံရခြင်းမှ လွတ်မြောက် လာပါက ၎င်း၏ပင်စင်ကို ပြန်လည်ခွင့်ပြုရမည်။ သို့ရာတွင် ပြစ်ဒဏ်ကျခံရသောကာလအတွက် ပင်စင်လစာကို ပြန်လည်ခွင့်မပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(ဏ)

(ခ)     အငြိမ်းစားသည် အောက်ပါအပြုအမူတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သော် ပင်စင်လစာတစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်း၊ ပြန်လည် ရုပ်သိမ်းခြင်းပြုနိုင်သည်-နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၂(ဂ)

  • (၁) နိုင်ငံတော်နှင့်နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေ မည့်စာအုပ်စာတမ်းများ  ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၃(ပ)
  • (၂) နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်း။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၃(ဖ)

ကရုဏာကြေး

၆၈။ (က) ရာထူးမှထုတ်ပယ်ခြင်းခံရသည့်ဝန်ထမ်းသည် တည်ဆဲ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကရုဏာ ကြေးကို လျှောက်ထားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၁၀၊ နည်းဥပဒေခွဲ (ဇ) (၁)

( ခ ) အပိုဒ်ခွဲ(က)အရ ကရုဏာကြေးလျှောက်ထားသည့် ဝန်ထမ်းအား အထူးသက်ညှာစွာစဉ်းစားထိုက်သည့်ကိစ္စ ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းအကြီးအမှူးမှ ထောက်ခံပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ခွင့်ပြုလျှင် ကရုဏာကြေး ခံစားခွင့်ရှိသည်။

လုပ်သက်ဆုငွေ၊ ပင်စင်လစာအကျိုးခံစားခွင့်အခြေပြဇယား

၆၉။ အငြိမ်းစားယူသောအခါရနိုင်မည့် လုပ်သက်ဆုငွေနှင့် ပင်စင်လစာကို အောက်ပါတွက်နည်းအတိုင်း ခံစားခွင့်ရှိသည်-နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၆

အငြိမ်းစားဆုငွေနှင့် ပင်စင်လစာတွက်နည်း

လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ် မပြည့်သည့်ကိစ္စ – လုပ်သက်ဆုငွေ= (န x လ x ၁၀ဝ%)

 

လုပ်သက်ဆုငွေခံစားခွင့်ရှိသည့်လုပ်သက် (၅) နှစ်ပြည့်ပြီး (၁၀) နှစ် မပြည့်သေးသည့်ကိစ္စ

လုပ်သက်ဆုငွေ= (န x လx ၁၅၀%)

 

ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိသည့်ကိစ္စ

(က) လုပ်သက်ဆုငွေ= (န x လ x ၅၀%)

( ခ ) ပင်စင်လစာ = (နx လx၁.၅%)

 

အညွှန်း။        ။ န= ပင်စင်ခံစားခွင့်ရှိသောလုပ်သက်နှစ်

လ= ပင်စင်မယူမီ နောက်ဆုံးထုတ်လစာ

၇၀။  အငြိမ်းစားမယူမီ ကွယ်လွန်လျှင် လုပ်သက်ဆုငွေနှင့် ပင်စင် လစာကို အောက်ပါတွက်နည်းအတိုင်း ခံစားခွင့်ရှိသည်-နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၀ (က)၊ (၁) (၂) (၃) (၄)

 

အငြိမ်းစားမယူမီ ကွယ်လွန်လျှင် ဆုငွေနှင့်ပင်စင်လစာတွက်နည်း

 

(၁)     လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် တစ်နှစ်ပြည့်ပြီး ငါးနှစ် အောက် – လုပ်သက်ဆုငွေ= (နောက်ဆုံးထုတ်လစာxလုပ်သက်နှစ်)

(၂)     လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက်ငါးနှစ်ပြည့်ပြီး ဆယ်နှစ် အောက် – လုပ်သက်ဆုငွေ – (နောက်ဆုံးထုတ်လစာx၁၂)

(၃)     ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ် နှင့်အထက်

(က)   လုပ်သက်ဆုငွေ= လုပ်သက်နှစ် x နောက်ဆုံး ထုတ်လစာ x  ၁/ ၂                သို့မဟုတ် (နောက်ဆုံးထုတ်လစာx၁၂) (များရာခံစားခွင့်ရှိသည်။)

( ခ )   ဇနီး၊ ခင်ပွန်းအတွက်မိသားစုပင်စင်= (လုပ်သက်နှစ်x နောက်ဆုံးထုတ်လစာ x ၁.၅% x ၃/၄  )

( ဂ )   အခြားမိသားစုဝင်များအတွက်မိသားစုပင်စင်= (လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာx  ၁.၅%x     ၁ /၂ )

အခန်း (၆)

အထွေထွေ

၇၁။    နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်း ချက်၊ လုပ်ငန်းစဉ်များအပေါ်တည်မှီပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပေးအပ်သည့် တာဝန်များကို မိမိတို့ကျရာကဏ္ဍမှ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆတက်ထမ်းပိုးထမ်းဆောင် သွားကြရန် လိုအပ်ပါသည်။

my_MMMY