ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းကျင့်ဝတ် ၂၀၁၇

၅၂။ အသက် ၁၈ နှစ်ပြည့်သည့်နေ့မှစ၍ ထမ်းဆောင်ခဲ့သော စစ်မှု ထမ်းသက်များကိုပင်စင်ခွင့်ပြုပိုင်ခွင့်ရှိသူကမြို့ပြဝန်ထမ်းအမှုထမ်း သက်များနှင့် ပေါင်းစပ်ရေတွက်ခွင့်ပြုနိုင်သည်။ သို့ရာတွင် –

  • (က) စစ်မှုထမ်းသက်သည်ကျေနပ်ဖွယ်ရာရှိရမည့်ပြင် စစ်ဘက် ဆိုင်ရာပင်စင်နည်းဥပဒေများအရ ပင်စင်ခံစားနိုင်    ခွင့်ရှိသော အမှုထမ်းသက်ဖြစ်ရမည်။
  • ( ခ ) ပင်စင်လစာခံစားခွင့် မရရှိဘဲ လုပ်သက်ဆုငွေကိုသာ ခံစားခဲ့ရပြီး ယင်းဆုငွေများကိုနိုင်ငံတော်သို့ ပြန်လည်ပေးသွင်းပါက အမှုထမ်းသက်ကို ပေါင်းစပ်ထည့်သွင်း တွက်ချက်ရမည်။
  • (ဂ) ရရှိနေသောပင်စင်လစာကို  ထုတ်ယူခြင်းမှရပ်ဆိုင်းပြီး အမှုထမ်းသက်မှန်ကန်ကြောင်းနှင့်ပင်စင်နှင့်ဆုငွေ မည်မျှရရှိကြောင်းတို့ကို ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး၏ထောက်ခံချက်ပါရှိပါက အမှုထမ်းသက်ကို ပေါင်းစပ် ထည့်သွင်းတွက်ချက်ရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၁

လုပ်သက်ကာလဖြည့်စွက်ရေတွက်ခွင့်ပြုခြင်း

၅၃။ (က)   ပင်စင်အကျိုးခံစားခွင့်ကို တွက်ချက်သည့်အခါ ယင်းအကျိုး ခံစားခွင့်ရှိသည့် နှစ်ပြည့်သောလုပ်သက်ကိုသာ ရေတွက်ရပြီး လစွန်းရက်စွန်းများကို ပယ်ရမည်။

(ခ)သို့ရာတွင် သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်နှင့် လျော်ကြေး ပင်စင်ယူသည့်ကိစ္စများ၌ ဝန်ထမ်း၏လုပ်သက်သည် ကျေနပ် ဖွယ်ရှိလျှင် ထိုလစွန်း ရက်စွန်းများတွင် နှစ်ပြည့်ရန်လိုနေ သည့်ကာလကို –

  • (၁) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ခြောက်လအထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။
  • (၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးက  ၁၂ လ အထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၄

ဖြည့်စွက်ခွင့် မပြုနိုင်သောလုပ်သက်ကာလများ

၅၄။ (က)      လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက်တွင် ငါးနှစ် ပြည့်ရန် လိုသည့်ကာလ၊

( ခ )   ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်တွင် ၁၀ နှစ်ပြည့်ရန် လိုသည့်ကာလ၊

( ဂ )   လုပ်သက်နှစ် ၂၀ ပြည့် လျှော့ပေါ့ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ၊

(ဃ)   လုပ်သက် ၂၅ နှစ်ပြည့် လျှော့ပေါ့ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ၊

( င )   လုပ်သက်နှစ် ၃၀ ပြည့် နှစ်ပြည့်ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၅

မိသားစုပင်စင်ခံစားခွင့်

၅၅။ (က)      မိသားစုပင်စင်ကိုခံစားမည့်သူ သက်ရှိထင်ရှားရှိနေသည့်အခါ အောက်ပါဦးစားပေးအစီအစဉ်အတိုင်း ခံစားခွင့်ပြုရမည် –

  • (၁) ကွယ်လွန်သူ၏        ကျန်ရစ်သူတရားဝင်ပထမဇနီး သို့မဟုတ် တရားဝင်ခင်ပွန်း၊
  • (၂) တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်း မရှိခဲ့သော် အသက် ၁၈ နှစ်မပြည့်သေးသည့် အိမ်ထောင်မပြုရသေးသော တရားဝင်သားသမီး သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခုခုတွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသည့်တရားဝင်သားသမီး၊
  • (၃) အပိုဒ်ခွဲငယ်(၂) ပါပုဂ္ဂိုလ်များ မရှိခဲ့သော် အိမ်ထောင် မပြုရသေးသည့် သမီး သို့မဟုတ် မုဆိုးမ ဖြစ်နေ သောသမီး၊
  • (၄) အပိုဒ်ခွဲငယ်(၃) ပါပုဂ္ဂိုလ်များ မရှိခဲ့သော် အိမ်ထောင် လည်း မပြုရသေးသည့်အပြင် အသက်လည်း ၁၈ နှစ် မပြည့်သေးသည့် အဖမဲ့မြေး သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြား လျက်ရှိသော အိမ်ထောင်မပြုရသေးသောအဖမဲ့မြေး၊နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၈(က)

( ခ )  အပိုဒ်ခွဲ (က) တွင်ဖော်ပြခဲ့သည့်အတိုင်း မိသားစုပင်စင်ကို ခံစားမည့်သူ မရှိခဲ့သော်၊ ကွယ်လွန်သူဝန်ထမ်းနှင့်အတူ မှီခိုနေထိုင်ခဲ့ရသူဖြစ်ကြောင်း ခိုင်လုံသည့်အထောက် အထားကို တင်ပြနိုင်ပါက အောက်ပါပုဂ္ဂိုလ်များကို ခံစားခွင့်ပြုရမည် –

  • (၁) အမိအဖအရင်း၊
  • (၂) အမိအဖမရှိပါက ဝန်ထမ်း၏အသက် ၁၈ နှစ် မပြည့် သေးသည့် ညီ သို့မဟုတ် ညီမ သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြားလျက် ရှိသည့် ညီ သို့မဟုတ် ညီမ၊
  • (၃) အပိုဒ်ခွဲငယ် (၂) ပါ ပုဂ္ဂိုလ်များ မရှိပါက ဝန်ထမ်း၏ အိမ်ထောင်မပြုသေးသည့် ညီမ သို့မဟုတ် အစ်မ သို့မဟုတ် မုဆိုးမ ဖြစ်နေသည့် ညီမ သို့မဟုတ် အစ်မ၊
  • (၄) အပိုဒ်ခွဲငယ် (၃) ပါ ပုဂ္ဂိုလ်များ မရှိပါက ဝန်ထမ်း၏အခြားသော ညီ သို့မဟုတ် အစ်ကို သို့မဟုတ် ညီမ သို့မဟုတ် အစ်မ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၈(ခ)

 

မိသားစုပင်စင်အကျိုးခံစားခွင့်

၅၆။ (က) ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါက ဝန်ထမ်း ကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်၌  ဝန်ထမ်း သက်ပြည့်ပင်စင် ယူခဲ့သည်ရှိသော် ရရှိမည့်ပင်စင်လစာ ၏ ၃/၄ ကို မိသားစုပင်စင်လစာအဖြစ် ဇနီး သို့မဟုတ် ခင်ပွန်း နောက်အိမ်ထောင်ပြုသည့်နေ့ သို့မဟုတ် ကွယ်လွန်သည့် နေ့အထိ ခံစားခွင့်ပြုသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၀(က)(၃)၊ နည်းဥပဒေ ၂၄၉(က)

( ခ )  ဝန်ထမ်းသည် အငြိမ်းစားယူပြီးနောက်မှ ကွယ်လွန်ခဲ့သော် အငြိမ်းစားဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက် မှစ၍ ဝန်ထမ်းအငြိမ်းစားယူချိန်၌ ရရှိခဲ့သည့် ပင်စင်လစာ ၏ ၃/၄ကိုမိသားစုပင်စင်လစာအဖြစ် ဇနီး သို့မဟုတ် ခင်ပွန်း နောက်အိမ်ထောင်ပြုသည့်နေ့ သို့မဟုတ် ကွယ်လွန်သည့် နေ့အထိ ခံစားခွင့်ပြုသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ၂၅၀ (ခ)(၂)၊ နည်းဥပဒေ၂၄၉(က)

၅၇။  မိသားစုပင်စင်အကျိုးခံစားခွင့်ရှိသူသည် ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ခဲ့လျှင် ဝန်ထမ်းသည် အငြိမ်းစား မယူမီကွယ်လွန်ပါက ကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ၊ အငြိမ်းစား ယူပြီးနောက်ကွယ်လွန်ပါက အငြိမ်းစားယူခဲ့သည့်နေ့၏ နောက်နေ့ရက်မှ စ၍ ၁၅ နှစ်အထိ အငြိမ်းစားယူလျှင်ရရှိမည့် ပင်စင်လစာ၏  ၁/၂ ကိုမိသားစုပင်စင်အဖြစ် ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၅၀ (က) (၄)၊ (ခ) (၃)

အထူးပင်စင်ခွင့်ပြုခြင်း

၅၈။ ချိန်နှုန်းလစာဖြင့်ဖြစ်စေ၊ ပုံသေလစာဖြင့်ဖြစ်စေ၊ လုပ်ငန်း အတိုင်းအတာနှုန်းဖြင့်ဖြစ်စေ ခန့်ထား၍ နိုင်ငံတော်ဘဏ္ဍာငွေ၊ ရသုံးမှန်း ခြေငွေစာရင်းအနက်မှ အသုံးစရိတ်ကျခံသည့် ဝန်ထမ်းများနှင့်သာ သက်ဆိုင်သည်။ အလုပ်သမားလျော်ကြေးဥပဒေနှင့်အကျုံးဝင်သည့် ဝန်ထမ်းများနှင့်သက်ဆိုင်ခြင်းမရှိစေရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၃

၅၉။  အထူးပင်စင်ခံစားခွင့်ပြုခြင်းကို ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီး အမှူး သို့မဟုတ် ခွင့်ပြုပိုင်ခွင့်လွှဲအပ်ထားသည့်အဖွဲ့ကသာ ခွင့်ပြုနိုင် သည်။  အထူးပင်စင်ခွင့်ပြုရေးတွင် ဝန်ထမ်းဘက်မှ တာဝန်ပျက်ကွက်မှု သို့မဟုတ် ပေါ့ဆမှု၏အတိုင်းအတာကို ထည့်သွင်းစဉ်းစားရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၅

၆၀။ အထူးပင်စင်သည် အခြားနည်းဥပဒေများအရ ဝန်ထမ်း သို့မဟုတ် ဝန်ထမ်း၏မိသားစုခံစားခွင့်ရှိသော ပင်စင် သို့မဟုတ် လုပ်သက်ဆုငွေကို ထိခိုက်ခြင်းမရှိစေရ။  ထို့အပြင်အထူးပင်စင်ခံစားခွင့် ရရှိသည့် ဝန်ထမ်းကို  ဆက်လက်တာဝန်ထမ်းဆောင်စေသည့်အခါ၌ဖြစ်စေ၊ ဝန်ထမ်းအဖြစ် ပြန်လည်ခန့်ထားသည့်အခါ၌ဖြစ်စေ လစာသတ်မှတ်ရာတွင် အထူးပင်စင်ကို ထည့်သွင်းစဉ်းစားခြင်းမပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၇

ဒဏ်ရာအနာတရဖြစ်ခြင်းအတွက် အထူးပင်စင်ခံစားခွင့်

၆၁။ ဝန်ထမ်းတစ်ဦးသည် တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ တာဝန် ထမ်းဆောင်ခြင်းကို အကြောင်းပြု၍ဖြစ်စေ၊ ရာထူးတာဝန်ကို အကြောင်း ပြု၍ဖြစ်စေ အောက်ပါအခြေအနေများဖြစ်ပေါ်လျှင် အထူးပင်စင် ခံစားခွင့်ရှိသည် –

  • (က) တစ်စုံတစ်ယောက်က ဒဏ်ရာအနာတရဖြစ်စေခြင်း။
  • ( ခ ) မတော်တဆမှုကြောင့် ဒဏ်ရာရခြင်း။
  • ( ဂ ) ရောဂါရခြင်း။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၄(က)၊ (ခ)၊ (ဂ)
my_MMMY