ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းကျင့်ဝတ် ၂၀၁၇

၄၂။ ချီးမြှင့်ငွေနှင့်အခကြေးငွေခွင့်ပြုရာတွင် အောက်ပါ စည်းကမ်း ချက်များကို လိုက်နာရမည် –

  • (က) ဝန်ထမ်းဆောင်ရွက်သည့်လုပ်ငန်းသည် ရံဖန်ရံခါ ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်သည့်ပြင် မူလလုပ်ငန်း တာဝန်၌ မပါဝင်သည့်လုပ်ငန်း သို့မဟုတ် ထူးခြားစွာ ထမ်းဆောင်ရသည့် လုပ်ငန်းဖြစ်ခြင်း၊
  • ( ခ ) လုပ်ငန်းကို ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏ ကြိုတင် သဘောတူညီချက်ဖြင့် တာဝန်ယူဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဝန်ထမ်း၏ မူလတာဝန် ဝတ္တရားကိုထိခိုက်ခြင်း မရှိကြောင်းယုံကြည်၍ခွင့်ပြုခြင်း။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆၂(က)(ခ)

ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်း

၄၃။   ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်းဆိုသည်မှာ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ပြင်ပအဖွဲ့အစည်းတစ်ခုခု၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အချိန်ပြည့် လွှဲပြောင်း တာဝန်ထမ်းဆောင်နေပြီး လစာကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှအပဖြစ်သော အခြားဘဏ္ဍာရန်ပုံငွေ တစ်ရပ်ရပ်မှ ရယူခံစားခြင်းကိုဆိုသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃(ဗ)

၄၄။ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် တာဝန်ထမ်းဆောင်ခွင့်ပြု နိုင်သည့်ကာလမှာ သုံးနှစ်ဖြစ်သည်။ ထပ်မံလိုအပ်ပါက နောက်ထပ် နှစ် နှစ်အထိသာ ခွင့်ပြုပြီး စုစုပေါင်းငါးနှစ်ထက် မပိုစေရ။ ပြင်ပဝန်ထမ်း စည်းကမ်းချက်ဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသည် လုပ်သက် ၁၀ နှစ်ပြည့်ပြီးဖြစ်ရမည့်အပြင် စေလွှတ်ချိန်၌ အသက် ၅၅ နှစ်ထက် မကြီးစေရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၃၃

၄၅။   ဝန်ထမ်းအဖွဲ့အစည်းများသည် ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင် ခွင့်ပြုရန် ထုတ်ပြန်မည့်အမိန့်ကို ရာထူးဝန်အဖွဲ့နှင့် ကြိုတင်ညှိနှိုင်းပြီး အတည်ပြုချက်ရရှိမှသာ ထုတ်ပြန်ရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၃၄

ဝန်ထမ်းအဖြစ်မှအလိုအလျောက်ရပ်စဲခြင်း

၄၆။ ဝန်ထမ်းတစ်ဦးသည် ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်နေသည့်အခါမှတစ်ပါး    ခွင့်ဖြင့်ဖြစ်စေ၊ ခွင့်မဲ့ဖြစ်စေ အလုပ်ခွင်မှ တစ်ဆက်တည်း ငါးနှစ်ကင်းကွာလျှင် ကင်းကွာ သည့်ကာလ ငါးနှစ်ပြည့်သည့်နေ့၏ နောက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှအလိုအလျောက် ရပ်စဲပြီးဖြစ်သည်။ သို့ရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ခိုင်လုံသောအကြောင်းများရှိသည်ဟု ယူဆလျှင် ဝန်ထမ်းအဖြစ်မှရပ်စဲသွားခြင်းကို ပယ်ဖျက်နိုင်သည်။ ဤပြဋ္ဌာန်းချက်သည် တာဝန်မှယာယီရပ်ဆိုင်းခြင်းခံရသဖြင့် အလုပ်ခွင်မှ ကင်းကွာနေသောဝန်ထမ်းနှင့် မသက် ဆိုင်စေရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၂၊ နည်းဥပဒေ ၁၃

အခန်း(၅)

ပင်စင်

အငြိမ်းစားယူခြင်း

၄၇။ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့်နေ့ရက်သည် ယင်းဝန်ထမ်း အသက် ၆၀ နှစ်ပြည့်သည့် နေ့ရက်ဖြစ်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၀ အငြိမ်းစားယူသော ဝန်ထမ်းသည်-

  • (က) နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်ခြင်းဖြစ်ရမည်။
  • ( ခ ) ဖွဲ့စည်းပုံဖြင့်ခွင့်ပြုထားသည့် ရာထူးတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခြင်းဖြစ်ရမည်။
  • ( ဂ ) တာဝန်ထမ်းဆောင်ခြင်းကြောင့်     ရရှိသည့်လစာကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကျခံခြင်းဖြစ်ရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၂

ပင်စင်အမျိုးအစားများ

၄၈။    ဝန်ထမ်းသည် အောက်ပါ ပင်စင်အမျိုးအစားများအနက်မှ တစ်မျိုးမျိုးကို ခံစားခွင့်ရှိသည် –နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၆

  • (က) သက်ပြည့်ပင်စင်။  တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်း ချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတစ်ပါး အသက် ၆၀နှစ်ပြည့်သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင် ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃(က)
  • ( ခ ) နှစ်ပြည့်ပင်စင်။ ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်မပြည့်သေးသော်လည်း လုပ်သက်နှစ် ၃၀ ပြည့် သောအခါ နှစ်ပြည့်ပင်စင်ခံစားခွင့် တောင်းခံလာပါက ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်းမပြုရ။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၈ နှင့် ပုဒ်မ ၆၂
  • ( ဂ ) နာမကျန်းပင်စင်။  ဝန်ထမ်းသည်မကျန်းမာ၍ တာဝန်ကို ဆက်လက်မထမ်းဆောင်နိုင်သည့်အခါတွင်  သတ်မှတ် ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင် ခံစားခွင့်ရှိစေရမည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၉
  • (ဃ) လျော်ကြေးပင်စင်။ ရာထူးတစ်ခုကို ဖျက်သိမ်းလိုက်သည့်အခါ ထိုရာထူး၌ ခန့်ထားသည့် ဝန်ထမ်းကို အခြားရာထူးတစ်ခုသို့ ပြောင်းရွှေ့နေရာချထားခြင်း မပြုနိုင်ပါက လျော်ကြေးပင်စင်ခံစားခွင့်ပြုရမည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၆၀
  • (င) အထူးပင်စင်။ ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင်ဖြစ်စေ၊ ထိခိုက် အနာတရဖြစ်သည့်အခါတွင်ဖြစ်စေ၊ မသန်စွမ်းဖြစ်သည့် အခါတွင်ဖြစ်စေ သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် အထူးပင်စင်ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃ (င)
  • (စ) မိသားစုပင်စင်။ ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲ တွင်ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှဖြစ်စေ ကွယ်လွန် ခဲ့လျှင်  ကျန်ရစ်သူမိသားစုအတွက် မိသားစုပင်စင်ကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၃၃ (စ)
  • (ဆ) လျှော့ပေါ့ပင်စင်။ အသက် ၅၅ နှစ်ပြည့်ပြီးဖြစ်သောဝန်ထမ်းသည် လုပ်သက်နှစ် ၂၀ ကျော်လွန်လျှင်သော် လည်းကောင်း၊ အသက် ၅၀ နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက် ၂၅  နှစ်ကျော်လွန်လျှင်သော်လည်းကောင်း လျှော့ပေါ့ပင်စင်ခံစားခွင့်ရှိသည်။  သို့ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဖော်ပြပါသတ်မှတ်ချက်များ မပြည့်မီသော် လည်း လျှော့ပေါ့ပင်စင်ခွင့်ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃ (ဆ)

ပင်စင်နှင့်လုပ်သက်ဆုငွေ

၄၉။ ပင်စင်နှင့်လုပ်သက်ဆုငွေတို့ကို ခွဲခြား၍ သုံးစွဲသည့်အခါမှတစ်ပါး ပင်စင်ဟူသောဝေါဟာရတွင် လုပ်သက်ဆုငွေလည်းပါဝင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၂၉

ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက်

၅၀။ (က)  ဝန်ထမ်းတစ်ဦး၏ လုပ်သက်ကို အသက် ၁၈နှစ် ပြည့်ပြီးမှ စတင် ရေတွက်ရသည်။ ရာထူးတွင် တာဝန်ထမ်းသည့် ကာလများနှင့် အခြားရေတွက်ခွင့်ရှိသည့် ကာလများကို ပင်စင်အလို့ငှာ ရေတွက်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၄

(ခ) သို့ရာတွင် လစာမဲ့ခွင့်ကာလ၊ တာဝန်ချိန်အဖြစ်မသတ်မှတ် သော တာဝန်မှယာယီရပ်ဆိုင်းသည့်ကာလများကို      ထည့်သွင်း ရေတွက်ခြင်းမပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၉၊ နည်းဥပဒေ ၂၁၀ (ဆ) (၁)

လုပ်သက်ဆက်စပ်ခြင်း

၅၁။ ပင်စင်အကျိုးခံစားခွင့်ရှိသော ပြတ်တောက်နေသည့် လုပ်သက် ကာလများကို ဆက်စပ်ပေးပိုင်ခွင့်ရှိသူက ခိုင်လုံသောအကြောင်းရှိပါက ပင်စင်အကျိုးငှာ ဆက်စပ်ခွင့်ပြုနိုင်သည်။ ယင်းသို့ ခွင့်ပြုရာတွင် ယခင်လုပ်သက်သည် အနည်းဆုံးတစ်နှစ်ရှိရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၆

my_MMMY