ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းကျင့်ဝတ် ၂၀၁၇

တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြုသောခံစားခွင့်များ

၃၂။ ဝန်ထမ်းသည် နိုင်ငံ့တာဝန်ထမ်းဆောင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ တာဝန် ထမ်းဆောင်မှုကိုအကြောင်းပြု၍ အောက်ပါခံစားခွင့်များကို ရရှိနိုင်ပါသည်-

  • (က) အလုပ်တည်မြဲခွင့်။  အမြဲတမ်းရာထူးတစ်ခုတွင် ခန့်ထား ခြင်းခံရသော ဝန်ထမ်းသည် ထိုရာထူးတွင် တည်မြဲခွင့်ရှိသည်။ ရာထူးအနွယ်ကိုလည်း ရခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၁ (က)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄ (ဂ)၊ နည်းဥပဒေ ၇
  • ( ခ ) ရာထူး၏လစာခံစားခွင့်။ ရာထူးဆိုင်ရာတာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ သတ်မှတ်ထားသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆ (က)
  • (ဂ) နှစ်တိုးခံစားခွင့်။  ချိန်နှုန်းလစာရာထူးတစ်ခုတွင် အမြဲတမ်း ခန့်ထားခြင်းခံရသည့် ဝန်ထမ်းသည်   နှစ်တိုးအချိန်စေ့ ရောက်သည့်အခါ နှစ်တိုးခံစားခွင့်ပြုရန် စတင်လျှောက်ထားရန် မလိုဘဲ ယင်းနှစ်တိုးကို ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၅၄ (က)
  • (ဃ) ကြိုတင်နှစ်တိုးခံစားခွင့်။ ထူးကဲသာလွန်သော အရည် အချင်းနှင့်အတွေ့အကြုံများရှိခြင်း၊ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခြင်း၊     အခြားလုံလောက်သော အကြောင်းထူးတစ်ခုခုရှိခြင်းတို့ကြောင့်  ကြိုတင်နှစ်တိုး ခံစားခွင့်ပြုနိုင်သည်။ ပြန်တမ်းဝင်အရာရှိအဆင့်ဖြစ်ပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့လည်းကောင်း၊ ယင်းအောက် အဆင့်ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံသို့လည်းကောင်း အဆိုပြု တင်ပြ၍ သဘောတူခွင့်ပြုချက် ရယူဆောင်ရွက်ရမည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၃၄၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၅၇
  • ( င ) ရာထူးတိုးမြှင့်ခြင်းခံစားခွင့်။ ဝန်ထမ်းသည် ရာထူးအဆင့် အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံ၍ တာဝန်ကိုနိုင်နင်းစွာ ထမ်းဆောင်နိုင်သည်ဟုယုံကြည်ကျေနပ်မှုရှိလျှင်နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရာထူးတိုးမြှင့်ခြင်း ခံစားပိုင်ခွင့်ရှိသည်။ ဝန်ထမ်းသည် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုအပေါ်မူတည်၍ သက် ဆိုင်ရာ အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှု အရ ချီးမြှင့်မြှောက်စားသည့်အနေဖြင့် ရာထူးတိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၄၊ ပုဒ်မ ၂၄-က
  • ( စ ) ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်။ ဝန်ထမ်းသည် ဆေးစစ်ခံယူမှုနှင့် နာမကျန်းဖြစ်သည့်အခါ ဆေးကုသမှု ခံယူခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၁ (ဇ)
  • (ဆ) ဒေသစရိတ်ခံစားခွင့်။ ပြည်ထောင်စုအစိုးရအဖွဲ့က ဖြစ်စေ၊ယင်းက တာဝန်ပေးအပ်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဖြစ်စေ၊ ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသတွင် နေထိုင်လျက်တာဝန်ထမ်း ဆောင်သည့် ဝန်ထမ်းအားလုံးသည် သတ်မှတ်ထားသော ဒေသစရိတ်ကို ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၂
  • ( ဇ )  ခွင့်ခံစားခွင့်။  အချိန်ပြည့်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းတိုင်းသည် ခွင့်ကိုခံစားခွင့်ရှိသည်။ ဝန်ထမ်းသည် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၅၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၀
  • ( ဈ ) အငြိမ်းစားယူခွင့်။ ဝန်ထမ်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အငြိမ်းစားယူခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၁ (ဈ)

ခွင့်နှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များ

၃၃။ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် ခွင့်နှင့်စပ်လျဉ်းသည့်သတ်မှတ်ချက်များမှာ –

  • (က) ဝန်ထမ်းသည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ထားသော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၅
  • ( ခ ) အစမ်းခန့်ဝန်ထမ်းသည် ရာထူးတွင် အတည်ပြုခန့်ထားပြီး ဖြစ်သည့် ဝန်ထမ်းတစ်ဦးကဲ့သို့ ခွင့်ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၆၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၂
  • ( ဂ ) ဝန်ထမ်းသည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ခွင့်ကို တောင်းခံပိုင်ခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၇
  • (ဃ) ခွင့်ပေးပိုင်ခွင့်ရှိသူသည် အများပြည်သူအကျိုးငှာ လိုအပ်ပါက ဝန်ထမ်းတစ်ဦးတောင်းခံသည့် ခွင့်ကို ငြင်းပယ်ခြင်း၊ ခွင့်ပြုပြီးသော ခွင့်ကို ပယ်ဖျက်ခြင်းနှင့် ခွင့်ခံစားနေသော ဝန်ထမ်းအား ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၈
  • ( င ) ဝန်ထမ်းတောင်းခံသော ခွင့်အမျိုးအစားကို ပြောင်းလဲ သတ်မှတ်ခွင့်ပြုခြင်းနှင့် တောင်းခံသောခွင့်ရက်ကို လျှော့ချခွင့်ပြုခြင်းတို့ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၀
  • ( စ ) ခွင့်သည်သာမန်အားဖြင့် ဝန်ထမ်းကတာဝန်လွှဲအပ်သည့် နေ့ရက်တွင် စတင်ပြီး တာဝန်ပြန်လည်မထမ်းဆောင်မီ တစ်ရက်တွင် ကုန်ဆုံးသည်။ ခွင့်စတင်သည့် နေ့ရက်၏ ရှေ့တွင်ဖြစ်စေ၊ ခွင့်ကုန်ဆုံးသည့် နေ့ရက်၏နောက်တွင် ဖြစ်စေ ရုံးပိတ်ရက်များဖြစ်နေခဲ့သော် ထိုရုံးပိတ်ရက်များ ကို ခွင့်ကာလအဖြစ် ရေတွက်ခြင်းမပြုရ။ သို့ရာတွင် ခွင့်ရက်များ၏ ရှေ့ရက်နှင့်နောက်ရက်များသည် ရုံးပိတ် ရက်များဖြစ်နေပါက ရုံးပိတ်ရက်တစ်ဖက်ကို ခွင့်ရက်အဖြစ် ထည့်သွင်းရေတွက်ရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၄
  • (ဆ) ဆေးလက်မှတ်ခွင့် ခံစားခဲ့သည့်ဝန်ထမ်းသည် ကျန်းမာ ကြောင်း ဆေးလက်မှတ်ကို သတ်မှတ်ထားသည့်ပုံစံ   ဖြင့် တင်ပြမှသာ တာဝန်ပြန်လည်ထမ်းဆောင်ခွင့်ရှိသည်။ ဆေးလက်မှတ်ခွင့်မဟုတ်သော်လည်း ကျန်းမာရေးကို အကြောင်းပြု၍ အခြားခွင့်ခံစားသည့်ဝန်ထမ်းသည်လည်း အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်သည့်အခါ ကျန်းမာ ကြောင်းဆေးလက်မှတ်တင်ပြရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၇
  • (ဇ) ခွင့်ခံစားနေသည့်ဝန်ထမ်းသည် မိမိကိုခွင့်ပြုထားသည့် ခွင့်ကာလမကုန်ဆုံးမီ အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက် လိုပါက သက်ဆိုင်ရာခွင့်ပေးပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဝင်ရောက်နိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၀၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၈
  • (ဈ) ဝန်ထမ်းသည် မိမိကိုခွင့်ပြုထားသည့် ခွင့်ကာလကုန်ဆုံး သော်လည်း အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခြင်း မရှိပါက  ထိုကျော်လွန်သည့်ကာလအတွက် ခွင့်လစာ ခံစားခွင့်မရှိ။ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ခွင့်ရက် ကျော်လွန်ခြင်းဖြစ်ပါက ယင်းဝန်ထမ်းအား စည်းကမ်း ဖောက်ဖျက်မှုဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်နှင့်အညီ အရေးယူနိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၁၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၉
  • (ည ) အရေးယူခံရသည့် ဝန်ထမ်းကို တာဝန်မှယာယီရပ်ဆိုင်း ထားစဉ်ကာလအတွင်း ထိုဝန်ထမ်းအား ခွင့်မပေးရ။ စာရိတ္တပျက်ပြားမှုကြောင့်ဖြစ်စေ၊ ဆက်လက်တာဝန် ထမ်းဆောင်ရန် မသင့်လျော်သောကြောင့်ဖြစ်စေ၊ ရာထူး တာဝန်ထမ်းဆောင်မှုပျက်ယွင်းခြင်းကြောင့်ဖြစ်စေရာထူးမှထုတ်ပယ်ခြင်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းခံရသည့် ဝန်ထမ်းသည် မည်သည့်ခွင့်အမျိုး အစားကိုမျှ ခံစားခွင့်မရှိစေရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၃၊ နည်းဥပဒေ ၁၇၆ (ခ)
  • (ဋ ) နာမကျန်းပင်စင်ယူရသည့်ကိစ္စတွင် သက်ဆိုင်ရာဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က တာဝန်ကိုပြန်လည်ထမ်းဆောင် နိုင်သည့် အခြေအနေမရှိဟု သတ်မှတ်ခြင်းခံရသည့် ဝန်ထမ်းကို အောက်ပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်ပြီး ခွင့်လက်ကျန်လည်း လုံလောက်စွာရှိလျှင် အထူးကိစ္စရပ် အနေဖြင့် လုပ်သက်ခွင့်နှင့် ဆေးလက်မှတ်ခွင့်တို့ကို ပေါင်း၍ဖြစ်စေ၊ ဆေးလက်မှတ် ခွင့်တစ်မျိုးတည်းကို ဖြစ်စေ ခြောက်လထက် မပိုစေဘဲ ခွင့်ပြုနိုင်သည် –
    • (၁) ဝန်ထမ်း မကျန်းမာဖြစ်ခဲ့ရခြင်းသည် တာဝန် ထမ်းဆောင်မှုကြောင့် ဖြစ်ခြင်း၊
    • (၂) ဝန်ထမ်းသည် လုပ်သက်တစ်လျှောက်တွင် အခြား သော ဝန်ထမ်းများနှင့် နှိုင်းယှဉ်သော် ခွင့်အနည်း ငယ်မျှသာ ခံစားခဲ့သူဖြစ်ခြင်း၊
    • (၃) မကြာမီကာလ၌ လုပ်သက်နှစ်ပြည့် တစ်နှစ်ထပ်မံ ပြည့်မြောက်နိုင်ခြင်း။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၅ (ခ)

( ဌ ) ဝန်ထမ်းသည်အငြိမ်းစားယူရမည့် အသက်ပြည့်သည့် နေ့ရက်မတိုင်မီ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို ပျမ်းမျှလစာဖြင့် ခံစားနိုင်သည်။ အငြိမ်းစားယူရန် ကြိုတင် ပြင်ဆင်ခွင့်ကိုအချိန်မီတောင်းခံခဲ့ရာတွင် ခွင့်ပေးပိုင်ခွင့် ရှိသူက တောင်းခံသည့် ခွင့်ကာလတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အများပြည်သူအကျိုးငှာ ငြင်းပယ်ခဲ့လျှင် ထိုငြင်းပယ်သည့် ခွင့်ကာလကို အငြိမ်းစား ယူရမည့်နေ့ရက်မှစ၍ စတင်ခံစားခွင့်ရှိသည်။ ယင်းကိစ္စ ရပ်တွင် အငြိမ်းစားယူရန်သတ်မှတ်ထားသော အသက်ထက် ကျော်လွန်သောကာလကို အမှုထမ်းသက်တွင် ထည့်သွင်း တွက်ချက်ရမည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၂၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၁၊

ခွင့်အမျိုးအစားများ

၃၄။    ဝန်ထမ်းတစ်ဦး ခံစားခွင့်ရှိသော ခွင့်အမျိုးအစားများနှင့်ကာလများမှာ အောက်ပါအတိုင်းဖြစ်သည်-

ခွင့်အမျိုးအစား အများဆုံး ခံစားခွင့် ရှင်းလင်းချက်
(က) ရှောင်တခင်ခွင့်

 

 

ပြက္ခဒိန် တစ်နှစ်လျှင် ၁၀ ရက် ရုတ်တရက်နာမကျန်းဖြစ်ခြင်း၊ အရေးကြီးသော ကိုယ်ရေးကိစ္စ

ရုတ်ချည်းပေါ်ပေါက် ခြင်းတို့အတွက် ခွင့်ပြုသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၄၊

( ခ )ကူးစက်ရောဂါ ကာကွယ်ခွင့် သာမန်၂၁ ရက်၊အထူး ၃၀ ရက်

 

ဝန်ထမ်း၏မိသားစု သို့မဟုတ် အတူနေ မိသားစု၌ ကူးစက် ရောဂါဖြစ်ပွားသော ကြောင့် ဝန်ထမ်းကို အလုပ်ခွင်သို့ မလာ ရောက်စေရန်   ခွင့်ပြု သောခွင့်ဖြစ်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၆
( ဂ ) လုပ်သက်ခွင့် ခွင့်စာရင်း၌ကျန် ရှိသော လုပ်သက်ခွင့် များကို ဆက်လက်

တာဝန်ထမ်းဆောင် သည့်ကာလကို အခြေပြု၍တာဝန်ချိန်

စုဆောင်းခွင့်ရှိသည်။ စုဆောင်းနိုင်သည့် လုပ်သက်ခွင့်ရက်သည် ၂ လထက်မပိုစေရ။

တာဝန်ထမ်းဆောင်သည့်ကာလကို အခြေပြု၍ တာဝန်ချိန်၏ ၁/၁၁ ခွင့်ပြုသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၀ နှင့် နည်းဥပဒေ ၈၇
အားလပ်ရက်ရှည် ခံစားခွင့်ရှိသည့် ဝန်ထမ်းများ၏ လုပ်သက်   ခွင့် ခံစားခွင့်  

(က)အားလပ်ရက်ရှည် အပြည့်ခံစားလျှင် လုပ်သက်ခွင့်ရခွင့် မရှိ။

(ခ) အားလပ်ရက်ရှည် လုံးဝမခံစားလျှင် ၁/၁၁ အချိုးဖြင့် လုပ်သက်ခွင့်ခံစားခွင့် ရှိသည်။

(ဂ)အားလပ်ရက်ရှည်ကို လုပ်သက်ခွင့်နှင့်အတူ အများဆုံး  ၂လထိ ခံစားနိုင်သည်။

 

အားလပ်ရက်ရှည် ခံစားခွင့်ရှိသော ဝန်ထမ်းများသာ ခံစားခွင့်ရှိသည်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၂
(ဃ)ဆေးလက်မှတ်ခွင့် သာမန်၁၂ လ၊ အထူး နောက်ထပ် ၆ လ

 

လုပ်သက်နုရင့်မရွေး ဝန်ထမ်းလုပ်သက် ကာလတစ်လျှောက်လုံး အတွက် ခွင့်ပြုခြင်း ဖြစ်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၃
(င)လစာမဲ့ခွင့် ခွင့်လက်ကျန်မရှိသည့်အခါတွင်လည်းကောင်း၊ ဝန်ထမ်းကိုယ်တိုင်က စာဖြင့် တောင်းခံသည့် အခါတွင်လည်းကောင်း၊   ခွင့်ပြုသည်။ လစာရခွင့်မရှိ၊လုပ်သက်ရေတွက် ခွင့်မရှိ၊နှစ်တိုးရေတွက် ခွင့်မရှိ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၆
(စ) မီးဖွားခွင့် ခွင့်စတင်ခံစားသည့်နေ့မှ ၆ လ၊ အမွှာပူး သို့မဟုတ် ယင်းထက်ပို၍ မွေးဖွားပါက နောက်ထပ်ရက်သတ္တပတ် ၆ ပတ်၊  ဝန်ထမ်းအမျိုး သားကိုလည်း မွေးကင်းစ ကလေးပြုစုစောင့်ရှောက်ရန်ရက်သတ္တပတ်၂ ပတ်ခွင့်ပြုရမည်။ လစာနှုန်းပြည့်ခံစားခွင့် ပြုပြီး တာဝန်ချိန်အဖြစ်သတ်မှတ်ပေးရမည်။

 

အခြားခွင့်များနှင့်ဆက်၍ မီးဖွားခွင့်မခံစားနိုင်ပါ။ သို့သော် ဆေးလက် မှတ်ဖြင့်တောင်းခံပါက အခြားခွင့်များကို မီးဖွားခွင့်၏ နောက်မှဆက်၍ ခွင့်ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁
(ဆ)   အထူးမသန် စွမ်းခွင့်

 

မသန်စွမ်းဖြစ်မှု တစ်ခုလျှင် အများဆုံး ၂၄ လထိ

 

တာဝန်ထမ်းဆောင် မှုကိုအကြောင်းပြု၍ ထိခိုက်ဒဏ်ရာရ  သဖြင့်ယာယီမသန်စွမ်းဖြစ်သောအခါဆေးအဖွဲ့၏ထောက်ခံချက်ဖြင့် ခွင့်ပေးနိုင်ပါသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၃၊ ၁၀၄၊ ၁၀၅၊ ၁၀၆
( ဇ ) ဆေးရုံခွင့်

 

ဝန်ထမ်းလုပ်သက် ၃နှစ် ကာလတစ်ရပ် အတွက် စုစုပေါင်း ၃လ

 

လုပ်ငန်းသဘာဝအရ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ တွင် သတ်မှတ်ထားရှိ သော နိုင်ငံ့ဝန်ထမ်းများ သာ ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၇၊ ၁၀၈၊ ၁၀၉၊ ၁၁၀၊ ၁၁၁၊ ၁၁၂
(ဈ)    သင်္ဘော သား နာမကျန်းခွင့်

 

ဝန်ထမ်းလုပ်သက် ၃နှစ် ကာလတစ်ရပ် အတွက် စုစုပေါင်း

၃ လ

 

နိုင်ငံပိုင်သင်္ဘောများ တွင် တာဝန်ထမ်းဆောင် သော သင်္ဘောသားများသာ ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၁၃၊ ၁၁၄၊ ၁၁၅၊ ၁၁၆

 

(ည)  ပညာလေ့လာ ဆည်းပူးခွင့်

 

ခွင့်ပြုသည့် ပညာသင်ကာလ

 

ပြည်ပ၌ပညာလေ့လာ ဆည်းပူးလိုပါက ပြည် ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူရန် လိုအပ် ပါသည်။ ပြည်တွင်း၌ ပညာလေ့လာဆည်းပူး လိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ပါသည်။ တာဝန် ချိန်အဖြစ် သတ်မှတ်ပြီး လစာနှုန်းပြည့်ခံစား ခွင့်ပြုရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၁၇၊ ၁၁၈၊ ၁၁၉၊ ၁၄၈၊ ၁၄၉၊ ၁၅၀၊ ၁၅၁

ကူးပြောင်းချိန်ကာလ

၃၅။ ကူးပြောင်းချိန်ကာလဆိုသည်မှာ ဒေသတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ရသည့်ဝန်ထမ်းကို မူလရာထူးရှိရာဒေသမှ ပြောင်းရွှေ့ရမည့် ဒေသသို့ သွားရောက်ရန် ခွင့်ပြုသည့်ကာလကိုဆိုသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃(ပ)

၃၆။   ကူးပြောင်းချိန်ကို ဒေသမပြောင်းရသည့်ကိစ္စများတွင် ကူးပြောင်း ချိန် ၁ ရက်ခွင့်ပြုပြီး၊ ဒေသပြောင်းရွှေ့ရသည့်အခါ ပြင်ဆင်ရန် ၅ ရက်နှင့် အမှန်ခရီးသွားရက်များကို ခွင့်ပြုပါသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၂၂(က)(ခ)

၃၇။ ကူးပြောင်းချိန် ရက် ၃၀ အထိ ကြာမြင့်သည့်ကိစ္စများကို ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးက စိစစ်ခွင့်ပြုနိုင်ပြီး၊ ကူးပြောင်းချိန်ရက် ၃၀ ထက် ကျော်လွန်ကြာမြင့်သည့် ကိစ္စရပ်များတွင်  ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီးအမှူးကရာထူးဝန်အဖွဲ့၏သဘောတူညီချက်ဖြင့်ခွင့်ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၂၃၊ ၁၂၄

ခရီးစရိတ်

၃၈။ ဝန်ထမ်းတစ်ဦးသည် ပြည်သူ့အကျိုးကို ရှေးရှု၍ ဌာနဆိုင်ရာ တာဝန်ပေးချက်အရဖြစ်စေ၊ အထူးခွင့်ပြုချက်အရဖြစ်စေ ခရီးသွားလာ ရသည့်အခါ ကုန်ကျစရိတ်ကိုကာမိစေရန်အတွက် ခရီးစရိတ်ကို ပြည်သူ့ ဘဏ္ဍာရန်ပုံငွေမှ တည်ဆဲမြန်မာနိုင်ငံခရီးစရိတ်နည်းဥပဒေများပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ထုတ်ယူခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၂၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၆ (ခ)

ချီးမြှင့်ငွေနှင့်အခကြေးငွေ

၃၉။  ချီးမြှင့်ငွေ။   မူလရာထူးတာဝန်မှအပဖြစ်သော လုပ်ငန်းတာဝန် တစ်ရပ်ရပ်ကို ထမ်းဆောင်ရသည့်အတွက်  ဝန်ထမ်းကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ ချီးမြှင့်သောငွေဖြစ်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၃၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆၀

၄၀။  အခကြေးငွေ။  နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှတစ်ပါး အခြားသော ရန်ပုံငွေတစ်ရပ်ရပ်မှ ခွင့်ပြုသည့်ငွေဖြစ်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆၀

၄၁။ လိုအပ်ပါက ဝန်ထမ်းသည် နိုင်ငံတော်အတွက် အချိန်အခါမရွေး လုပ်ငန်းမရွေး တာဝန်ထမ်းဆောင်ရန်ဖြစ်သော်လည်း ပေးအပ်သည့် တာဝန်အတွက် ချီးမြှင့်ငွေဖြစ်စေ၊ အခကြေးငွေဖြစ်စေ အပိုချီးမြှင့် ထိုက်သည့်အကြောင်းများရှိသည်ဟု ယုံကြည်ကြောင်း ခွင့်ပြုပိုင်ခွင့် ရှိသူက မှတ်တမ်းတင်ထားရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆၁

my_MMMY