ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းကျင့်ဝတ် ၂၀၁၇

ပြန်လည်ခန့်ထားခြင်း

၂၂။ တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့်ဝန်ထမ်းကို အမှုကိစ္စများ ပြီးဆုံး၍ ပြန်လည်ခန့်ထားသည့်အခါဖြစ်စေ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း သို့မဟုတ် ရာထူးမှထုတ်ပယ်ခြင်းပြုခဲ့ပြီးနောက် ပြန်လည် ခန့်ထားသည့်အခါ၌ဖြစ်စေ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူးသည် –

  • (က) ဝန်ထမ်းကို တာဝန်မှယာယီရပ်ဆိုင်းထားခဲ့သည့်ကိစ္စသို့မဟုတ် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခဲ့သည့်ကိစ္စ သို့မဟုတ် ရာထူးမှထုတ်ပယ်ခဲ့သည့်ကိစ္စတွင် ဝန်ထမ်း၌ အပြစ်လုံးဝမရှိကြောင်း တွေ့ရှိရ၍ အပြစ်မှကင်းလွတ် ခွင့်ပြုပြီး ပြန်လည်ခန့်ထားခဲ့သောအခါ ရာထူးမှ ကင်းကွာနေခဲ့သည့် ကာလအတွက် ခံစားခွင့်ရှိမည်ဖြစ်သော လစာအပြည့်နှင့်စရိတ်တို့ကို ပြန်လည် ထုတ်ယူခွင့်ပြုရမည့်အပြင် ရာထူးမှကင်းကွာနေခဲ့ရ သည့်ကာလကို တာဝန်ချိန်အဖြစ်သတ်မှတ်ရမည်။
  • (ခ) ဝန်ထမ်း၌အပြစ်တစ်စုံတစ်ရာတွေ့ရှိရသော်လည်း ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း ခံထိုက်သော ပြင်းထန်သည့်ကျူးလွန်မှုမဟုတ်ခြင်းကြောင့်အမှုကိစ္စ၏ အတိမ်အနက်ကိုလိုက်၍ မူလရာထူး၌ ဖြစ်စေ၊ အခြားရာထူးတစ်ခု၌ဖြစ်စေ ပြန်လည်ခန့်ထား ခဲ့လျှင် ရာထူးမှကင်းကွာနေခဲ့ရသည့် ကာလအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးက အောက်ပါအတိုင်း သတ်မှတ်ခွင့်ပြုနိုင်သည်-
    • (၁) လစာနှင့်စရိတ်၏ တစ်စိတ်တစ်ဒေသကို ခွင့်ပြုခြင်း၊
    • (၂) ရာထူးမှကင်းကွာနေခဲ့သည့်ကာလကို တာဝန်ချိန်အဖြစ်သတ်မှတ်ခြင်း၊
    • (၃) ရာထူးမှကင်းကွာနေခဲ့သည့်ကာလကို ခွင့်ကာလ အဖြစ် သတ်မှတ်ခြင်း၊
    • (၄) ရာထူးမှကင်းကွာနေခဲ့သည့်ကာလကို ခွင့်ကာလဟု သတ်မှတ်ပြီး လစာကိုခွင့်လစာအဖြစ် သတ်မှတ်ခြင်း။
  • (ဂ) တာဝန်မှယာယီရပ်ဆိုင်းခြင်းမှ ကင်းလွတ်ခွင့်ပြု၍ ဒေသပြောင်းရွှေ့ခန့်ထားခြင်းခံရသည့်ဝန်ထမ်းသည်ပြောင်းရွှေ့ခရီးစရိတ် ရခွင့်မရှိကြောင်း အမိန့်ချမှတ် မထားပါက ပြောင်းရွှေ့ခရီးစရိတ်ရခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆၈

အရေးယူခံရသောဝန်ထမ်း၏အခွင့်အရေးများ

၂၃။ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုများတွင် အရေးယူခြင်းခံရသည့် ဝန်ထမ်းကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ သတ်မှတ်ချက်တို့နှင့်အညီရှင်းလင်းချေပခွင့်ပေးရမည်။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၈၁

၂၄။ အရေးယူခံရသည့်ဝန်ထမ်းကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ သတ်မှတ်ထားသည့်စွဲချက်လွှာပုံစံအတိုင်း စွဲချက်တင်ပြီးနောက် ယင်းစွဲချက်များနှင့်ပတ်သက်၍ ဝန်ထမ်းကို စာဖြင့် ရှင်းလင်းချေပခွင့် ပေးရမည်။ လုံလောက်သော အချိန်ပေးရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၅(ဂ)

၂၅။ အရေးယူခံရသည့်ဝန်ထမ်းသည် ခိုင်လုံသောအကြောင်းရှိလျှင် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ဝင်တစ်ဦးဦးကိုလည်းကောင်း၊ နှစ်ဦး ကိုလည်းကောင်း၊ တစ်ဖွဲ့လုံးကိုလည်းကောင်း ကန့်ကွက်နိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၅(ဆ)၊ နည်းဥပဒေ ၁၉၇(ဂ)(၆)

၂၆။ အရေးယူခံရသည့်ဝန်ထမ်းကိုကူညီရန် ရှေ့နေ သို့မဟုတ် ကျွမ်းကျင်မှုအကူအညီပေးနိုင်သူ တစ်ဦးဦးကို လိုက်ပါဆောင်ရွက် ခွင့်ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၅(ဇ)

၂၇။ နှုတ်ဖြင့်စစ်ဆေးခြင်းကို အရေးယူခံရသည့် ဝန်ထမ်း၏ရှေ့တွင် ပြုလုပ်ရမည်။ ထိုသို့ စစ်ဆေးကြားနာရာ၌ အရေးယူခံရသည့် ဝန်ထမ်းအား ကိုယ်တိုင်သက်သေအဖြစ် အစစ်ဆေးခံနိုင်ခွင့်၊ သက်သေ တင်ပြခွင့်၊ သက်သေများကို ပြန်လှန်စစ်မေးခွင့်တို့ကို လုံလောက်စွာ ပေးရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၉

ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များ

၂၈။ ဌာနဆိုင်ရာအရေးယူမှုများတွင် အောက်ဖော်ပြပါ ပြစ်ဒဏ် တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည်-

  • (က) စာဖြင့်သတိပေးခြင်း၊
  • ( ခ ) နှစ်တိုးလစာရပ်ဆိုင်းခြင်း၊
  • ( ဂ ) ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊
  • (ဃ) လစာနှုန်းအတွင်း လစာလျှော့ချခြင်း၊
  • ( င ) ရာထူးအဆင့်လျှော့ချခြင်း၊
  • (စ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုမလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်သည့် ဆုံးရှုံးမှု တန်ဖိုးအပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊
  • (ဆ) တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာ အပြည့် ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာဝန် ချိန်အဖြစ် မသတ်မှတ်ခြင်း၊
  • ( ဇ ) ရာထူးမှထုတ်ပယ်ခြင်း၊
  • ( ဈ ) ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၃

ပြစ်ဒဏ်များနှင့်အကျိုးသက်ရောက်မှုများ

၂၉။ ဝန်ထမ်း စည်းကမ်းဆိုင်ရာ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိ သည့်အခါ ယင်းဝန်ထမ်းအား ချမှတ်နိုင်သည့် ပြစ်ဒဏ် အမျိုးအစား များနှင့် အကျိုး သက်ရောက်မှုတို့မှာ အောက်ပါအတိုင်း ဖြစ်သည်-

 

ပြစ်ဒဏ် အမျိုးအစား

အကျိုး သက်ရောက်မှု

အခြားအကျိုး သက်ရောက်မှု

(က) စာဖြင့်သတိ ပေးခြင်း ပြစ်ဒဏ်ချမှတ်သည့် နေ့မှ ၆လ ပြစ်ဒဏ်ကာလ အတွင်း ရာထူးတိုးမြှင့် မပေးရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(က)
(ခ)နှစ်တိုးလစာရပ်ဆိုင်းခြင်း (ပြစ်ဒဏ်ကာလသတ်မှတ်ချက် ဖော်ပြရမည်) (၁)ချိန်နှုန်းလစာတွင် ရှေ့လာမည့် နှစ်တိုးလစာစေ့ရောက်ချိန်တွင်ပြစ်ဒဏ်စတင်သည်။
(၂) နောင်နှစ်တိုး ရွေ့သည့်ပြစ်ဒဏ် ဖြစ်လျှင် ပြစ်ဒဏ် ကာလအတွင်းနှစ်တိုးများဆုံးရှုံးသည်။
(၃) နောင်နှစ်တိုးမရွေ့သည့် ပြစ်ဒဏ်ဖြစ်လျှင် ပြစ်ဒဏ်ကာလအတွင်း စေ့ရောက်ခဲ့သော နှစ်တိုးအဆင့်များကို ထည့်သွင်း စဉ်းစား၍ ပြစ်ဒဏ်ကာလကုန် ဆုံးချိန်တွင် သာမန် ရောက်ရှိမည်ဖြစ်သော နှစ်တိုးအဆင့်ကို ရခွင့်ရှိသည်။
ပြစ်ဒဏ်စောင့်ဆိုင်းဆဲ ကာလနှင့် ပြစ်ဒဏ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ခ)
( ဂ ) ရာထူးတိုးမြှင့်ခြင်း ကို ရပ်ဆိုင်းခြင်း (ပြစ်ဒဏ်ကာလ သတ်မှတ်ချက် ဖော်ပြရမည်) ဝန်ထမ်းကိုရာထူးတိုးမြှင့် ခန့်ထားရန် အလှည့်ကျ ရောက်သည့် အချိန်မှ အစပြု၍ ပြစ်ဒဏ်ကာလရေတွက်ရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ဂ)
(ဃ)လစာနှုန်းအတွင်း လစာလျှော့ချခြင်း(ပြစ်ဒဏ်ကာလ သတ်မှတ်ချက် ဖော်ပြရမည်) (၁) ပြစ်ဒဏ်ကာလအတွင်းသတ်မှတ် ပေးသည့်လစာသာ ခံစားခွင့်ရှိသည်။
(၂)နောင်နှစ်တိုးများကိုရွေ့သွားစေခြင်းရှိ မရှိသတ်မှတ်ပေးရမည်။
ပြစ်ဒဏ်ကာလ အတွင်း ရာထူး တိုးမြှင့်ခြင်းကိုရပ်ဆိုင်းထားရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ဃ)
(င) ရာထူးအဆင့်လျှော့ ချခြင်း (ပြစ်ဒဏ် ကာလသတ်မှတ် ချက်ဖော်ပြရမည်၊ ပြစ်ဒဏ်ကုန်ဆုံးလျှင်မူလရာထူးသို့ပြန်လည်ခန့်ထားရမည်။) (၁)ပြစ်ဒဏ်ကာလအတွင်းလျှော့ချသည့် ရာထူးလစာသာ ခံစားခွင့်ရှိသည်။
(၂)နောင်နှစ်တိုးများကိုရွေ့သွားစေခြင်းရှိ မရှိသတ်မှတ်ပေးရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(င)
(စ) ဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်စေခြင်း (ပေးလျော်ရမည့်ငွေကြေးပမာဏသတ်မှတ်ချက်ပါရှိရမည်။) အမိန့်ချမှတ်သည့် နေ့ မှစ၍ တစ်နှစ် သို့မဟုတ် အကျေပေးလျော်ပြီး သည့်နေ့ ထိုနေ့နှစ်ခုတို့အနက်စောရာနေ့အထိ။ ပြစ်ဒဏ်ကာလ အတွင်း ရာထူးတိုးမြှင့်ပေးခြင်းမပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၃(ဂ)၊ နည်းဥပဒေ ၂၁၀(စ)
(ဆ)တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက်လစာ အပြည့်ခံစားခွင့် မပြုခြင်း(သို့မဟုတ်) တာဝန်ချိန်အဖြစ်မသတ်မှတ်ခြင်း တာဝန်ချိန်အဖြစ် မသတ်မှတ်ပါက ပင်စင်လုပ်သက် ရေတွက်ခွင့်နှင့် အခြား ဝန်ထမ်းရေးရာခံစားခွင့်များဆုံးရှုံးသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ဆ)
( ဇ ) ရာထူးမှထုတ်ပယ်ခြင်း အမှုထမ်းသက်နှင့် ပင်စင်ခံစားခွင့် အားလုံးဆုံးရှုံးသည်။ တည်ဆဲနည်းဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းများ နှင့်အညီ ကရုဏာကြေး လျှောက်ထားခွင့်ရှိသည်။ နောင်တွင်ဝန်ထမ်းအဖြစ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ သဘော တူညီချက်ဖြင့်  ပြန်လည်ခန့်ထားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ဇ)
(ဈ)ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း အမှုထမ်းသက်နှင့် ပင်စင်ခံစားခွင့်အားလုံးဆုံးရှုံးသည်။ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းခံရသူကို ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်တွင် ပြန်လည်ခန့်ထားခြင်းမပြုရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၀(ဈ)

အယူခံခွင့်

၃၀။ ဝန်ထမ်းသည် ဌာနဆိုင်ရာအရေးယူမှုတွင် ချမှတ်သော ပြစ်ဒဏ် နှင့်စပ်လျဉ်း၍လည်းကောင်း၊ အမိန့်၊ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ လည်းကောင်း မကျေနပ်ပါက အမိန့်စာလက်ခံရရှိသည့် နေ့ရက်မှစ၍ ခြောက်လအတွင်းတွင် မူလပြစ်ဒဏ် သို့မဟုတ် အမိန့် သို့မဟုတ် ဆုံးဖြတ် ချက် ချမှတ်ခဲ့သည့် အဆင့်၏အထက်အဆင့် အကြီးအမှူးထံသို့ အယူခံ လွှာကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ သတ်မှတ်ထားသည့် အယူခံလွှာ ပုံစံအတိုင်း တင်သွင်းနိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၂၀

အခန်း(၄)

ဝန်ထမ်း၏ဝန်ထမ်းမှုဆိုင်ရာခံစားခွင့်များ

အခြေခံအခွင့်အရေးများ

၃၁။ ဝန်ထမ်းသည် အောက်ပါအခြေခံအခွင့်အရေးများကို သတ်မှတ် ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-

  • (က) အလုပ်တည်မြဲခွင့်၊
  • ( ခ ) လုပ်ငန်းခွင်အာမခံချက်ရခွင့်၊
  • ( ဂ ) လုပ်အား၊ အတတ်ပညာ၊ တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့်လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်ခံစားခွင့်၊
  • (ဃ) ရာထူးတိုးမြှင့်ခွင့်၊
  • ( င ) ပညာလေ့လာဆည်းပူးခွင့်၊
  • ( စ ) ခွင့်ခံစားခွင့်၊
  • (ဆ) ထူးချွန်မှု၊ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကိုခံစားခွင့်၊
  • ( ဇ ) ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်၊
  • ( ဈ ) အငြိမ်းစားယူခွင့်၊
  • (ည) တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြု၍ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အတွက် အထူးပင်စင်ခံစားခွင့်၊
  • ( ဋ ) အမျိုးသမီးဝန်ထမ်းဖြစ်ပါက တူညီသောအလုပ်အတွက် အမျိုးသားဝန်ထမ်းများနည်းတူ အကျိုးခံစားခွင့်အပြင် မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်၊
  • ( ဌ ) ပါတီနိုင်ငံရေးနှင့်ကင်းရှင်းသော အသင်းအဖွဲ့များတွင်ပါဝင်ခွင့်၊
  • ( ဍ ) ဝန်ထမ်းရေးရာခံစားခွင့်၊ ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့်၊
  • ( ဎ ) ရာထူးအနွယ်ပိုင်ဆိုင်ခွင့်၊
  • (ဏ) ကူးပြောင်းချိန်ခံစားခွင့်၊
  • (တ) ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့်လွှဲပြောင်းတာဝန် ထမ်းဆောင်ခွင့်၊
  • (ထ) လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာခံစားခွင့်၊
  • ( ဒ ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာသတ်မှတ် သော အခြားခံစားခွင့်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၁
my_MMMY