ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

၉။ တာဝန်ပျက်ကွက်သော ဝန်ထမ်းများအား ရာထူးမှထုတ်ပယ်ခြင်း သို့မဟုတ် ဝန်ထမ်း အဖြစ်မှထုတ်ပစ်ခြင်း ရုံးအမိန့်ထုတ်ပြန်စာ၌ ဝန်ထမ်းလစာ (၂) လစာ အတိုးမဲ့ထုတ်ချေးငွေ (ရှိလျှင်)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီမှ သတ်မှတ်ထားသည့်သင်တန်းများအတွက် လျော်ကြေးငွေ(ရှိလျှင်) နှင့် တာဝန်ထမ်းဆောင်ရန် ခံဝန်ချက် သတ်မှတ်ငွေများ (ရှိလျှင်) ကို နိုင်ငံတော်သို့ပေးလျော်စေရန်ဟု ရုံးအမိန့်တွင် ထည့်သွင်းလျက် ထုတ်ပြန်ခြင်းမှာ ဆီလျော်သင့်မြတ်မှု ရှိ မရှိကိစ္စ

၉။         တာဝန်ပျက်ကွက်သော ဝန်ထမ်းများအား ရာထူးမှထုတ်ပယ်ခြင်း သို့မဟုတ် ဝန်ထမ်း အဖြစ်မှထုတ်ပစ်ခြင်း ရုံးအမိန့်ထုတ်ပြန်စာ၌ ဝန်ထမ်းလစာ () လစာ အတိုးမဲ့ထုတ်ချေးငွေ (ရှိလျှင်) ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီမှ သတ်မှတ်ထားသည့်သင်တန်းများအတွက် လျော်ကြေးငွေ(ရှိလျှင်) နှင့် တာဝန်ထမ်းဆောင်ရန် ခံဝန်ချက် သတ်မှတ်ငွေများ (ရှိလျှင်) ကို နိုင်ငံတော်သို့ပေးလျော်စေရန်ဟု ရုံးအမိန့်တွင် ထည့်သွင်းလျက် ထုတ်ပြန်ခြင်းမှာ ဆီလျော်သင့်မြတ်မှု ရှိ မရှိကိစ္စ

ဌာနများတွင် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများ ကြောင့် လုံလောက်သော အကြောင်းပြချက်မရှိဘဲ လုပ်ငန်းခွင်မှ အကြောင်းမဲ့ပျက်ကွက်နေသည့် ဝန်ထမ်းများအား နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိရာ အရေးယူခံရသည့် ဝန်ထမ်းများတွင် နိုင်ငံတော်မှ လစာ (၂) လစာ အတိုးမဲ့ချေးထားသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပညာသင် သွားရောက်ခဲ့ပြီး ပြန်လည်တာဝန်ထမ်းဆောင်ရမည့် သတ်မှတ်ကာလ မပြည့်မီသဖြင့် ပညာသင် လျော်ကြေးပေးဆောင်ရမည့် နိုင်ငံ့ဝန်ထမ်းများလည်း ပါဝင်နေပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ယခင်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန)မှ ၄-၉-၂၀၂၀ ရက်စွဲပါစာ၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ(ခ)၊ အပိုဒ်ခွဲငယ် (၃) ပါ သတ်မှတ်ချက်အရ လစာ (၂) လစာချေးငွေကို အပြေအကျေကောက်ခံပြီးမှ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း ပြုလုပ်မည်ဆိုပါက လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအရ အဆိုပါသတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်လာနိုင်ပြီး ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များ၌လည်း ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုများဖြစ်ပေါ် လာနိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနအနေဖြင့် တာဝန်ပျက်ကွက်သော ဝန်ထမ်းများအား ရာထူးမှ ထုတ်ပယ်ခြင်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း ရုံးအမိန့်/ အမိန့်ကြော်ငြာစာများ၌ ဝန်ထမ်းလစာ (၂) လစာ အတိုးမဲ့ထုတ်ချေးငွေ (ရှိလျှင်)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံခြား ပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီမှ သင်တန်းအလိုက်သတ်မှတ်ထားသည့် ကာလအပြည့် တာဝန်မထမ်းဆောင်လျှင် ပေးလျော်ရမည့် လျော်ကြေးငွေများ (ရှိလျှင်)နှင့် တာဝန် ထမ်းဆောင်ရန် ခံဝန်ချက် သတ်မှတ်ငွေများ (ရှိလျှင်) ကို နိုင်ငံတော်သို့ပေးလျော်စေရန်ဟု ရုံးအမိန့် စာတွင် ထည့်သွင်းလျက် ထုတ်ပြန်ခြင်းမှာ ဆီလျော်သင့်မြတ်မှုရှိပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY