အမိန့်ကြော်ငြာစာအမှတ် ၁၁၈/၂၀၂၀ အပိုဒ်(၂၆)
၂၆။ သို့အတွက် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအနေဖြင့်လည်း ပြန်တမ်းဝင်အရာရှိအဆင့် ရာထူးနေရာများနှင့် အမှန်တကယ်ကိုက်ညီမှုရှိသည့်ဝန်ထမ်းများကို အကဲဖြတ်ရွေးချယ်တိုးမြှင့် ခန့်ထားနိုင်မည်ဖြစ်သဖြင့် စွမ်းဆောင်ရည်ပြည့်ဝ၍ ပိုမိုခိုင်မာအားကောင်းသည့် ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ် ပေါ်ထွန်းလာစေနိုင်မည်ဖြစ်ပါသည်။