ဝန်ထမ်းကျင့်ဝတ် အပိုဒ်(၆၉)
လုပ်သက်ဆုငွေ၊ ပင်စင်လစာအကျိုးခံစားခွင့်အခြေပြဇယား
၆၉။ အငြိမ်းစားယူသောအခါရနိုင်မည့် လုပ်သက်ဆုငွေနှင့် ပင်စင်လစာကို အောက်ပါတွက်နည်းအတိုင်း ခံစားခွင့်ရှိသည်-၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၆
အငြိမ်းစားဆုငွေနှင့် ပင်စင်လစာတွက်နည်း
လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ် မပြည့်သည့်ကိစ္စ – လုပ်သက်ဆုငွေ= (န x လ x ၁၀ဝ%)
လုပ်သက်ဆုငွေခံစားခွင့်ရှိသည့်လုပ်သက် (၅) နှစ်ပြည့်ပြီး (၁၀) နှစ် မပြည့်သေးသည့်ကိစ္စ –
လုပ်သက်ဆုငွေ= (န x လx ၁၅၀%)
ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိသည့်ကိစ္စ–
(က) လုပ်သက်ဆုငွေ= (န x လ x ၅၀%)
( ခ ) ပင်စင်လစာ = (နx လx၁.၅%)
အညွှန်း။ ။ န= ပင်စင်ခံစားခွင့်ရှိသောလုပ်သက်နှစ်
လ= ပင်စင်မယူမီ နောက်ဆုံးထုတ်လစာ