၁၀။ တရားရုံး၌ လူမှုရေးကိစ္စနှင့် အမှုရင်ဆိုင်ဆဲ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း၏ လစာစရိတ်နှင့် နှစ်တိုးခံစားခွင့်ရရှိရေးကိစ္စ
၁၀။ တရားရုံး၌ လူမှုရေးကိစ္စနှင့် အမှုရင်ဆိုင်ဆဲ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း၏ လစာစရိတ်နှင့် နှစ်တိုးခံစားခွင့်ရရှိရေးကိစ္စ
သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအားတရားရုံးမှ ဥပဒေကြောင်းအရ တရားစွဲဆို ခံရသည့်အတွက် တာဝန်မှယာယီရပ်ဆိုင်းခဲ့ခြင်းမရှိသည့်အပြင် ဝန်ထမ်းသည် တရားရုံးမှ ရုံးချိန်း ခေါ်ယူပါက ရှောင်တခင်ခွင့်တင်ပြ၍ သွားရောက်အမှုရင်ဆိုင်လျက်ရှိပြီး ရုံးလုပ်ငန်း တာဝန်များကို မပျက်မကွက်ထမ်းဆောင်လျက်ရှိသဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၂ ပါပြဋ္ဌာန်းချက် အရ ဝန်ထမ်းအား လစာမှယာယီရပ်ဆိုင်းခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှစ၍ ယနေ့အထိ ခံစားခွင့်ရှိမည်ဖြစ်သော လစာ၊ ဒေသစရိတ်နှင့် နှစ်တိုးများကို ပြန်လည်ထုတ်ယူခွင့်ပြုရမည် ဖြစ်ပါသည်။