ဝန်ထမ်းကျင့်ဝတ် အပိုဒ်(၇၂)
၇၂။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေ များပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ထမ်းမှုဆိုင်ရာခံစားခွင့်များ ဖြစ်သည့် ရာထူးတိုးမြှင့်ခြင်းခံစားခွင့်၊ ပညာလေ့လာဆည်းပူးခွင့်၊ ဆေးစစ်ခံယူမှုနှင့်ဆေးကုသမှုခံယူခွင့်၊ မီးဖွားခွင့်၊ အမျိုးသား ဝန်ထမ်းများအတွက် ကလေးပြုစုစောင့်ရှောက်ခွင့်၊ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်နှင့် ပင်စင်ခံစားခွင့် စသည်တို့ကို ရရှိခံစားရသကဲ့သို့ မိမိထမ်းဆောင်ရမည့်တာဝန်များ၊ လိုက်နာရမည့်စည်းကမ်းများ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကိုလည်း မမှိတ်မသုန် လိုက်နာဆောင် ရွက်ရမည်ဖြစ်ပါသည်။