ဝန်ထမ်းကျင့်ဝတ် အပိုဒ်(၆၈)
ကရုဏာကြေး
၆၈။ (က) ရာထူးမှထုတ်ပယ်ခြင်းခံရသည့်ဝန်ထမ်းသည် တည်ဆဲ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကရုဏာ ကြေးကို လျှောက်ထားခွင့်ရှိသည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၁၀၊ နည်းဥပဒေခွဲ (ဇ) (၁)
( ခ ) အပိုဒ်ခွဲ(က)အရ ကရုဏာကြေးလျှောက်ထားသည့် ဝန်ထမ်းအား အထူးသက်ညှာစွာစဉ်းစားထိုက်သည့်ကိစ္စ ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းအကြီးအမှူးမှ ထောက်ခံပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ခွင့်ပြုလျှင် ကရုဏာကြေး ခံစားခွင့်ရှိသည်။