ဝန်ထမ်းကျင့်ဝတ် အပိုဒ်(၅၃)
လုပ်သက်ကာလဖြည့်စွက်ရေတွက်ခွင့်ပြုခြင်း
၅၃။ (က) ပင်စင်အကျိုးခံစားခွင့်ကို တွက်ချက်သည့်အခါ ယင်းအကျိုး ခံစားခွင့်ရှိသည့် နှစ်ပြည့်သောလုပ်သက်ကိုသာ ရေတွက်ရပြီး လစွန်းရက်စွန်းများကို ပယ်ရမည်။
(ခ)သို့ရာတွင် သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်နှင့် လျော်ကြေး ပင်စင်ယူသည့်ကိစ္စများ၌ ဝန်ထမ်း၏လုပ်သက်သည် ကျေနပ် ဖွယ်ရှိလျှင် ထိုလစွန်း ရက်စွန်းများတွင် နှစ်ပြည့်ရန်လိုနေ သည့်ကာလကို –
- (၁) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ခြောက်လအထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။
- (၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးက ၁၂ လ အထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၄