ဝန်ထမ်းကျင့်ဝတ် အပိုဒ်(၅၂)
၅၂။ အသက် ၁၈ နှစ်ပြည့်သည့်နေ့မှစ၍ ထမ်းဆောင်ခဲ့သော စစ်မှု ထမ်းသက်များကိုပင်စင်ခွင့်ပြုပိုင်ခွင့်ရှိသူကမြို့ပြဝန်ထမ်းအမှုထမ်း သက်များနှင့် ပေါင်းစပ်ရေတွက်ခွင့်ပြုနိုင်သည်။ သို့ရာတွင် –
- (က) စစ်မှုထမ်းသက်သည်ကျေနပ်ဖွယ်ရာရှိရမည့်ပြင် စစ်ဘက် ဆိုင်ရာပင်စင်နည်းဥပဒေများအရ ပင်စင်ခံစားနိုင် ခွင့်ရှိသော အမှုထမ်းသက်ဖြစ်ရမည်။
- ( ခ ) ပင်စင်လစာခံစားခွင့် မရရှိဘဲ လုပ်သက်ဆုငွေကိုသာ ခံစားခဲ့ရပြီး ယင်းဆုငွေများကိုနိုင်ငံတော်သို့ ပြန်လည်ပေးသွင်းပါက အမှုထမ်းသက်ကို ပေါင်းစပ်ထည့်သွင်း တွက်ချက်ရမည်။
- (ဂ) ရရှိနေသောပင်စင်လစာကို ထုတ်ယူခြင်းမှရပ်ဆိုင်းပြီး အမှုထမ်းသက်မှန်ကန်ကြောင်းနှင့်ပင်စင်နှင့်ဆုငွေ မည်မျှရရှိကြောင်းတို့ကို ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး၏ထောက်ခံချက်ပါရှိပါက အမှုထမ်းသက်ကို ပေါင်းစပ် ထည့်သွင်းတွက်ချက်ရမည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၁