ဝန်ထမ်းကျင့်ဝတ် အပိုဒ်၅
အလုပ်ချိန်နှင့်သက်ဆိုင်သည့် စည်းကမ်းများ
၅။ ဝန်ထမ်းသည် အလုပ်ချိန်နှင့်စပ်လျဉ်း၍ အောက်ပါတို့ကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည် –
- (က) လုံလောက်သောအကြောင်းရင်းမရှိဘဲ အလုပ်တက်ချိန် နောက်ကျ၍ အလုပ်ခွင်သို့ရောက်ရှိခြင်း၊
- ( ခ ) လုံလောက်သောအကြောင်းရင်းမရှိဘဲ အလုပ်ဆင်းချိန် ထက်စော၍ အလုပ်ခွင်မှထွက်ခွာခြင်း၊
- ( ဂ ) တာဝန်ရှိ အကြီးအမှူး၏ ခွင့်ပြုချက်မရဘဲ အလုပ်ခွင်မှ မကြာခဏ ပျက်ကွက်ခြင်း၊
- (ဃ) ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊
- ( င ) ခိုင်လုံသောအကြောင်းမရှိဘဲ ခွင့်ရက်ထက်ပို၍နေခြင်း သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက် အလုပ်ဝင်ရောက်ရန် ပျက်ကွက်ခြင်း၊
- ( စ ) ခိုင်လုံသောအကြောင်းမရှိဘဲ ခွင့်ပြုထားသည့် အလုပ် ကူးပြောင်းချိန် ကုန်ဆုံးသည့်တိုင် အလုပ်ဝင်ရောက်ရန် ပျက်ကွက်ခြင်း။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၁