ဝန်ထမ်းကျင့်ဝတ် အပိုဒ်(၃၀)
အယူခံခွင့်
၃၀။ ဝန်ထမ်းသည် ဌာနဆိုင်ရာအရေးယူမှုတွင် ချမှတ်သော ပြစ်ဒဏ် နှင့်စပ်လျဉ်း၍လည်းကောင်း၊ အမိန့်၊ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ လည်းကောင်း မကျေနပ်ပါက အမိန့်စာလက်ခံရရှိသည့် နေ့ရက်မှစ၍ ခြောက်လအတွင်းတွင် မူလပြစ်ဒဏ် သို့မဟုတ် အမိန့် သို့မဟုတ် ဆုံးဖြတ် ချက် ချမှတ်ခဲ့သည့် အဆင့်၏အထက်အဆင့် အကြီးအမှူးထံသို့ အယူခံ လွှာကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ သတ်မှတ်ထားသည့် အယူခံလွှာ ပုံစံအတိုင်း တင်သွင်းနိုင်သည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၂၀