နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ၅၃
အခန်း (၁၁)
ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်ခြင်းနှင့်အယူခံခြင်း
ပြစ်ဒဏ်များ
၅၃။ ဌာနဆိုင်ရာအရေးယူမှုများတွင် အောက်ဖော်ပြပါ ပြစ်ဒဏ် တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည်-
- (က) စာဖြင့်သတိပေးခြင်း။
- ( ခ) နှစ်တိုးလစာရပ်ဆိုင်းခြင်း။
- ( ဂ ) ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း။
- (ဃ) လစာနှုန်းအတွင်း လစာလျှော့ချခြင်း။
- ( င ) ရာထူးအဆင့်လျှော့ချခြင်း။
- (စ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်သည့်ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း။
- (ဆ) တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာအပြည့် ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာဝန်ချိန်အဖြစ် မသတ်မှတ်ခြင်း။
- ( ဇ ) ရာထူးမှထုတ်ပယ်ခြင်း။
- (ဈ) ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း။