ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ(၆)

၆။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀ တွင်-

(က) နည်းဥပဒေခွဲ (က) ကို အောက်ပါအတိုင်းအစားထိုးရမည်-
“(က) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁) နှင့် ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) ရာထူး များလစ်လပ်မှုရှိသဖြင့် ပြင်ပမှပုဂ္ဂိုလ်များကို ခေါ်ယူရွေးချယ်ခန့်အပ်ရန် ရှိလျှင် နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ (က) တွင် ဖော်ပြထားသည့် ရာထူးများကို ရွေးချယ်ခန့်အပ်သည့် နည်းလမ်းများအတိုင်း စီစဉ်ဆောင်ရွက်ရမည်။”

(ခ) နည်းဥပဒေခွဲ (ခ) တွင် ပါရှိသော “ကျွမ်းကျင်ဝန်ထမ်းအဆင့်ရာထူးများ” ဆိုသည့် စကားရပ်ကို “ကျွမ်းကျင်ဝန်ထမ်းအဆင့်(၃)ရာထူး” ဆိုသည့်စကားရပ်ဖြင့် အစားထိုး ရမည်။

(ဂ) နည်းဥပဒေခွဲ (ဃ) တွင် ပါရှိသော “ကျွမ်းကျင်ဝန်ထမ်းအဆင့် (၄)” ဆိုသည့် စကားရပ်ရှေ့တွင် “ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂) နှင့်” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

(ဃ) နည်းဥပဒေခွဲ (င)၊ နည်းဥပဒေခွဲငယ် (၁၀) တွင်ပါရှိသော “နှင့် ကျွမ်းကျင်ဝန်ထမ်း အဆင့် (၄)” ဆိုသည့် စကားရပ်ရှေ့တွင် “၊ ကျွမ်းကျင်ဝန်ထမ်းအဆင့် (၂)” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

Tags:  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY