၇။ ခွင့်ခံစားနေသော ဝန်ထမ်းကို ပြန်လည်ခေါ်ယူခွင့်ရှိသလား။ ထိုသို့ပြန်လည်ခေါ်ယူရာတွင် မည်သို့ဆောင်ရွက်ပေးရမည်နည်း။
နည်းဥပဒေ ၇၆ ပါ ပြဋ္ဌာန်းချက်အရ အများပြည်သူအကျိုးငှာ လိုအပ်လျှင်ခွင့်ခံစားနေသော ဝန်ထမ်းကို ခွင့်မှပြန်လည်ခေါ်ယူနိုင်သည်။ ယင်းသို့ခေါ်ယူသည့်အခါ ဝန်ထမ်းသည် မည်သည့် အကြောင်းနှင့်မျှ ငြင်းပယ်ခွင့်မရှိဘဲ မပျက်မကွက်ပြန်လာရမည်။ ထိုသို့ပြန်လည်ခေါ်ယူသည့် ဝန်ထမ်း အတွက် အောက်ပါအတိုင်း ခံစားစေရမည် –
- (က) ခွင့်ခံစားနေသည့်ဒေသမှ တာဝန်ထမ်းဆောင်ရန်စတင်ခရီးထွက်သည့်နေ့ရက်မှစ၍ တာဝန်ချိန်အဖြစ်သတ်မှတ်ခြင်း၊
- ( ခ ) ခွင့်ခံစားနေသည့်ဒေသမှတာဝန်ထမ်းဆောင်ရမည့်ဒေသသို့ သွားရောက်သည့်ခရီး အတွက်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ် သည့် ခရီးစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ခံစားခွင့်ပြုခြင်း၊
- ( ဂ ) တာဝန်ပြန်လည်ထမ်းဆောင်သည့်နေ့ရက် မတိုင်မီတစ်ရက်အထိ ခွင့်လစာကို ခွင့်ပြုခြင်း။