၇၇။ ဝန်ထမ်း၏မွေးသက္ကရာဇ်ကို ဝန်ထမ်းမှတ်တမ်းစာအုပ်တွင်ရေးသွင်းရာ၌ မည်သည့်စာရွက် စာတမ်းအထောက်အထားများဖြင့် ရေးသွင်းရမည်နည်း။
နည်းဥပဒေ ၂၇၈(က)အရ ဝန်ထမ်း၏မွေးသက္ကရာဇ်ကို ဝန်ထမ်းမှတ်တမ်း စာအုပ်တွင် ရေးသွင်းရာ၌ အောက်ပါစာရွက်စာတမ်းအထောက်အထားတစ်ခုခုဖြင့် တိုက်ဆိုင်စိစစ်ပြီးမှသာ ရေးသွင်းရမည်-
- (၁) မွေးစာရင်းလက်မှတ်၊
- (၂) ကျောင်းဝင်မှတ်ပုံတင် ထောက်ခံချက်၊
- (၃) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။