၆၅။ အယူခံမှုတင်သွင်းလိုသည့် ဝန်ထမ်းကလျှောက်ထားတောင်းခံပါက မည်သည့်စာရွက်စာတမ်း များကို ထုတ်ပေးနိုင်သနည်း။
နည်းဥပဒေ ၂၁၉ ပါ ပြဋ္ဌာန်းချက်အရ အယူခံမှုတင်သွင်းလိုသည့် ဝန်ထမ်းက လျှောက်ထား တောင်းခံပါက ဌာနဆိုင်ရာစစ်ဆေးမှုတွင် နှုတ်ဖြင့်စစ်ဆေးသည့် သက်သေများ၏ ထွက်ဆိုချက် မှတ်တမ်းနှင့် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာမိတ္တူတို့ကို ထုတ်ပေးရမည်။