၆၄။ အထူးမသန်စွမ်းခွင့်ကာလအတွင်း ခွင့်လစာကို မည်သို့ခံစားခွင့်ရှိသနည်း။
နည်းဥပဒေ ၁၀၄ ပါ ပြဋ္ဌာန်းချက်အရ အထူးမသန်စွမ်းခွင့်ကာလအတွင်းခွင့်လစာကို –
- (က) ပထမ လေးလအတွက် ပျမ်းမျှလစာနှုန်းပြည့်ခံစားခွင့်ပြုရမည်။
- (ခ) ကျန်ကာလများအတွက်ပျမ်းမျှလစာ၏ ၁/၂ နှုန်းခံစားခွင့်ပြုရမည်။ ဝန်ထမ်း၏ ဆန္ဒ အရ လုပ်သက်ခွင့်လက်ကျန်ရှိသမျှကာလကို ပျမ်းမျှလစာနှုန်းပြည့်ဖြင့် ဆက်လက် ခံစားလိုလျှင် ခံစားခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုပါက ဝန်ထမ်း ဆက်လက်ခံစား သော ပျမ်းမျှလစာပြည့်ကာလ၏ကို အထူးမသန်စွမ်းခွင့်အဖြစ် ထည့်သွင်းရေတွက် ရမည်။