၆၂။ ကျွမ်းကျင်သူအဖြစ်ခန့်ထားခြင်းခံရသောအငြိမ်းစားဝန်ထမ်းသည် ခွင့်ခံစားခွင့်ရှိပါသလား။
နည်းဥပဒေ ၂၇၃ (ဂ) အရ ကျွမ်းကျင်သူအဖြစ်ခန့်ထားခြင်းခံရသော အငြိမ်းစား ဝန်ထမ်းသည်ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များအပြင် ပြက္ခဒိန်နှစ် တစ်နှစ်လျှင် ရှောင်တခင်ခွင့် ၁၀ ရက်နှင့် လုပ်သက်ခွင့်ကို တာဝန်ထမ်းကာလ၏ ၁/၁၁ နှုန်းဖြင့် စာချုပ်ဖြင့်ခန့်ထားသည့်ကာလအတွင်း လုပ်ခမပျက်ခံစားခွင့်ရှိသည်။ ယင်းကာလအတွင်း ခွင့်ခံစား ခြင်းမပြုပါက အဆိုပါခွင့်သည် ပျက်ပြယ်စေရမည်။