၅၇။ ဝန်ထမ်း၏ ဇနီးသည်မီးဖွားလျှင်ခင်ပွန်းဖြစ်သူကို မွေးကင်းစကလေးပြုစု စောင့်ရှောက်ခွင့်ကို မည်သို့ခံစားခွင့်ပြုနိုင်သနည်း။
နည်းဥပဒေ ၁၀၁၊ နည်းဥပဒေခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်း၏ ဇနီးသည်မီးဖွားလျှင် ခင်ပွန်းဖြစ်သူကို မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခွင့်အဖြစ် ကလေးမွေးဖွားသည့်နေ့မှ ၂၈ ရက် အတွင်း ရက်သတ္တပတ်နှစ်ပတ် ခွင့်ပြုရမည်။ ယင်းရက်သတ္တပတ်နှစ်ပတ်ကို တာဝန်ချိန်အဖြစ် သတ်မှတ်ပြီး လစာနှုန်းပြည့် ခံစားခွင့်ပြုရမည်။