၅၄။ အားလပ်ရက်ရှည်ခံစားနေသည့်ဝန်ထမ်းကို အားလပ်ရက်ရှည်ကာလအတွင်း၌ ပြောင်းရွှေ့ ခန့်ထားပါက မည်သို့ဆောင်ရွက်ရမည်နည်း။
နည်းဥပဒေ ၁၂၉ အရ အားလပ်ရက်ရှည်ခံစားနေသည့်ကာလအတွင်း ဝန်ထမ်းကို ပြောင်းရွှေ့ ခန့်ထားပါက ပြောင်းရွှေ့ပိုင်ခွင့်ရှိသူသည် အားလပ်ရက်ရှည်ကုန်ဆုံးမှ ရာထူးသစ်၌ အလုပ် ဝင်ရောက်ရန် ထိုဝန်ထမ်းကို ခွင့်ပြုနိုင်သည်။